အလှူဆိုရင် အမြဲတမ်း လက်မနှေးသူပါ။

သရုပ်ဆောင် နန္ဒာလှိုင်တို့ မိသားစုဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူ ဖြစ်ပါတယ်။ အခုလည်း သူမအမြတ်တနိုး ဝတ်ဆင်ထားတဲ့ လော့ကတ်သီးကို ဘုရားမှာ လှူဒါန်းခဲ့ပါသေးတယ်။

Photo : နန္ဒာလှိုင်

အလှူအတန်းနဲ့ ပတ်သက်ပြီး လက်မနှေးတဲ့ သရုပ်ဆောင် နန္ဒာလှိုင်ဟာ သူမအမြတ်တနိုး ဝတ်ဆင်ထားတဲ့ လော့ကတ်သီးကို ဘုရားမှာ လှူဒါန်းခဲ့ပါတယ်။မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှာ ရှိတဲ့ စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲမှာ နန္ဒာလှိုင်ဟာ သူမဝတ်ဆင်ထားတဲ့ ဆွဲကြိုးမှ လော့ကတ်သီးကို ဖြုတ်ပြီး လှူခဲ့တာပါ။

“စန္ဒကူး နံသာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီးမှာ နန္ဒာ အမြဲဆွဲတဲ့ ဆွဲကြိုးက လော့ကတ်သီးကို ဖြုတ်ပြီးလှူခဲ့သေးတယ်။” ဆိုပြီး ဇူလိုင်(၁၆) ရက်နေ့က နန္ဒာလှိုင်ရဲ့ ခင်ပွန်း ဇေသီဟရဲ့ ဖေ့စ်ဘွတ်မှာေ ရးသားထားတာတွေ့ရပါတယ်။

Photo : နန္ဒာလှိုင်

နန္ဒာလှိုင်ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ဘုရားတည်၊ ကျောင်းဆောက်တာတွေမှာ ပါဝင်ကုသိုလ်ယူဖြစ်သလို အခြား ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ သရုပ်ဆောင် နန္ဒာလှိုင်ဟာ ယခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။

Photo : နန္ဒာလှိုင်

နန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ဘဝကို တည်ဆောက်နေသူဖြစ်ပါတယ်။

Photo : နန္ဒာလှိုင်

မိသားစုကို အချိန်ပေးရင်းနဲ့ သူမရဲ့ ကုမ္ပဏီဖြစ်တဲ့ မဟာနန္ဒာထရိတ်ဒင်းကုမ္ပဏီကနေ Missha အလှကုန်ပစ္စည်းများကိုလည်း မြန်မာနိုင်ငံမှာ တင်သွင်းဖြန့်ဖြူးလျက်ရှိပါတယ်။ နန္ဒာလှိုင်က အနုပညာလောကမှာ တစ်ချိန်က အောင်မြင်ခဲ့သူတစ်ဦးပါ။ သူမဟာ ၁၉၉၈ခုနှစ်က ရွှေနံ့သာစံအိမ်နဲ့အကောင်းဆုံးအမျိုး သမီးဇာတ်ပို့ဆု၊ ၂၀၀၆ ခုနှစ်က တောင်တမန်သစ္စာဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတို့ဖြင့် အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က