ဇနီးအတွက် လက်ဆောင်ပေးလိုက်တာပါ။

ချစ်သူများနေ့မှာ ဇနီးသည်လေး ကုသိုလ်ရအောင် အမှတ်တရပစ္စည်းလေးတွေကို ဘုရားမှာလှူပြီး surprise လုပ်ခဲ့တာပါ။

ရွှေထူးက ချစ်သူများနေ့မှာ ရွှေမှုံအတွက် ထူးထူးခြားခြားလက်ဆောင်လေးတစ်ခု ပေးလိုက်ပါတယ်။ အဲ့ဒီလက်ဆောင်က သူတို့နှစ်ယောက်ရဲ့ အမှတ်တရ ရွှေထည်ပစ္စည်းလေးတွေကို မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ရွှေထည်ပစ္စည်းလေးတွေ လှူဒါန်းလို့ ရလာတဲ့ ဂုဏ်ပြုလက်မှတ်လေးနဲ့ ဇနီးကို ချစ်သူများနေ့မှာ Surprise လုပ်ခဲ့တာပါ။ ချစ်ဇနီးအတွက် လုပ်ပေးခဲ့တဲ့ ကုသိုလ်ကောင်းမှုလေးနဲ့ ပတ်သက်လို့ အမှတ်တရ ဗီဒီယိုလေး လုပ်ပေးခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုလေးကို ရွှေမှုံရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၁၅) ရက်နေ့ နေ့လည်ပိုင်းက တင်ထားခဲ့ပါတယ်။



ချစ်သူများနေ့ညလေးကိုလည်း သူတို့နှစ်ဦးက ရိုမန့်တစ် ဆန်ဆန် ဖြတ်သန်းခဲ့ပါသေးတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီဟာ လက်ရှိမှာ မန္တလေးကိုရောက်နေကြတာပါ။ ရွှေထူးက လက်ရှိမှာ သီချင်းအသစ်တွေ ဖန်တီးနေတာကို တွေ့ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက အားလုံး အားကျရတဲ့ အိမ်ထောင်ရေးပါပဲ။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အသေးစိတ်ကအစ ဂရုစိုက်ချစ်တတ်ပြီး အမှတ်တရနေ့လေးတွေမှာလည်း အပြန်အလှန် လက်ဆောင်တွေပေးတတ်တဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

အရမ်းချစ်တတ်တာကြောင့် ပရိသတ်တွေရဲ့ အားကျခြင်းကိုလည်း ခံရသလို ဝေဖန်သူတွေရဲ့ အပြစ်တင် ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ သာယာတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ တွေ့ရပါတယ်။

ရွှေမှုံအတွက် ရွှေထူးဟာ အဖေနဲ့တူတဲ့ ခင်ပွန်းတစ်ယောက်ဖြစ်သလို ရွှေမှုံကလည်း ရွှေထူးအတွက် အမေနဲ့တူတဲ့ မိန်းမတစ်ယောက်ဖြစ်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ကြဖူးပါတယ်။

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပြီး ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၂၀၁၈ခုနှစ်၊ နိုဝင်ဘာ(၉) ရက်နေ့မှာတော့ မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ(၁၁) ရက်နေ့က အင်းလျားလိတ်ဟိုတယ်မှ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ ဇနီးမောင်နှံ နှစ်ယောက်အတူ တွဲဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ နောက်ထပ်လည်း ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအမိုက်စားတွေ ဖန်တီးပေးဦးမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က