အိမ်ထောင်သက်တမ်း ၁၅ နှစ်ပြည့်ခဲ့ကြပါပြီ။

သရုပ်ဆောင် လူမင်းနဲ့ ဇနီးဖြစ်သူ ခင်စံပယ်ဦးတို့ဟာ အိမ်ထောင်သက်တမ်း ၁၅ နှစ်ပြည့်ပြီဖြစ်ပါတယ်။ အမှတ်တရ နေ့လေးကို မေ့လျှော့နေတဲ့ ဇနီးချောလေးကို လူမင်းက စနောက်ခဲ့ပါသေးတယ်။


Photo: Lu Min



လူမင်းတစ်ယောက် အလုပ်တွေ များလွန်းလို့ ချစ်ဇနီးလေးနဲ့ အိမ်ထောင်သက်တမ်း ၁၅ နှစ်ပြည့် အမှတ်တရ နေ့လေးကိုတောင် မေ့ခဲ့ပါတယ်တဲ့။ သူတို့ ဇနီးမောင်နှံဟာ မတ်လ ၂၆ ရက်နေ့မှာ အိမ်ထောင်သက် ၁၅ နှစ်ပြည့်ခဲ့တာ ဖြစ်ပါတယ်။

‘’ကွိုင်တက်ပီ..မနက်က "အောင်ဆန်း" ရုပ်ရှင်အစည်းအဝေး ညရောက်တော့ "နို့ဘီလူး" ရုပ်ရှင်အထူးပွဲ

ဒီနှစ်ပွဲကြားအမောင် ဗျာများတော့ မေ့သွားတာပေါ့၊ မေ့တော့ ကွိုင်တက်ပီပေါ့။

ဘာမေ့တာတုန်း သိလားဒီနေ့ (၂၆.၃.၂၀၁၉) ကျုပ်တို့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးတဲ့ (၁၅) နှစ်ပြည့် ဗျ ‘’ ဆိုပြီးတော့ မတ်လ ၂၆ ရက်နေ့ ည ၁၁ နာရီ ၅၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Lu Min

မင်္ဂလာနှစ်ပတ်လည်နေ့ကို လူမင်း သာမက ဇနီးချောလေးကပါ မေ့နေတာကြောင့် အခွင့်ကောင်းယူပြီး အခုလို စနောက်ခဲ့ပါသေးတယ်။

‘’ဒါပေမယ့် သိပ်တော့မပူပါဘူး။ ကလေးတွေနဲ့ပွဲသွားဘို့ အလုပ်တွေရှုတ်၊ လှလှပြင် ဓါတ်ပုံရိုက်ဖို့ စိတ်ရောက်နေတော့ သူလဲမေ့နေတယ်လေ၊ အဲဒီတော့. .နေ့မကူးခင်ဒီပို့စ်ကိုဦးအောင်တင်ပြီး မိုးလင်းတာနဲ့ ကိုယ်က စ,ရစ်လိုက်ရုံဘဲ ၊ ဟဲ ဟဲ ကိုယ့်ကွိုင် ကနေ သူ့ကွိုင်ဖြစ်ပြီ ဘာရမလဲ ငါကွ’’ ဆိုပြီးတော့ ဆက်လက်ရေးသားထားပါသေးတယ်။ 

Photo: Lu Min


သရုပ်ဆောင် လူမင်းနဲ့ ဇနီးဖြစ်သူ ခင်စံပယ်ဦးတို့ဟာ ၂၀၀၄ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သမီးလေး ဧရာဝတီလူမင်းနဲ့ သားလေး ဧဝရတ်လူမင်းတို့ကို ပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်ပါ။


Photo: Lu Min

ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး ဥက္ကဌရာထူးကို ဆက်ခံပြီးနောက်ပိုင်း အကယ်ဒမီဆုများနဲ့ ဝေးကွာနေသူ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ယခုလက်ရှိမှာတော့ ဥက္ကဌတာဝန်ကနေ အနားယူခဲ့ပြီး သူဝါသနာပါရာအနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က