သူတို့ကို ကြည့်ရတာ ကြည်နူးလိုက်တာ။

ရှေ့သွားနောက်လိုက် ညီလွန်းလှတဲ့ ခီစုံတွဲလေးက ဒီနေ့မှာ သာနာ့ဘောင်ထဲ ခဏတာ ဝင်ရောက်ခဲ့ကြပါတယ်။ ဇနီးသီလရှင် ဝတ်တုန်းက ခင်ပွန်းဖြစ်သူက ဘေးနားမှာ ပါရမီ ဖြည့်ပေးခဲ့သလို ဒီနေ့မှာ ခင်ပွန်းဖြစ်သူ သာသနာ့ဘောင်ထဲ ဝင်တော့ ဇနီးက ပါရမီဖြည့်ပေးနေတဲ့ ပုံက မြင်ရသူဖို့ အရမ်းကို ကြည့်နူးစရာ ကောင်းလှပါတယ်။

Photo : ဇဏ်ခီ FB

 

အနုပညာလောကမှာ အောင်မြင်မှု ရရှိနေတဲ့  သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ဟာ ဒီနေ့(ဇူလိုင်၉ရက်)သာသနာ့ ဘောင်ထဲသို့ ခဏတာ ဝင်ရောက်ခဲ့ပါတယ်။ ဒီတစ်ခေါက် ဇဏ်ခီက ရဟန်းခံခဲ့တာ ဖြစ်ပြီး ခရစ္စတီးနားခီက ယောဂီဝတ်ခဲ့တာပါ။ သာသနာ့ ဘောင်ထဲ ဝင်ရောက်ခဲ့တဲ့  သူတို့ဇနီးမောင်နှံရဲ့ ပုံလေးတွေကိုလည်း ဇဏ်ခီရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ပရိသတ်တွေအတွက် တင်ပေးခဲ့ပါတယ်။

Photo : ဇဏ်ခီ FB

သီလရှင်ဝတ်ကုသိုလ်ယူလိုက်တဲ့ ဇဏ်ခီရဲ့ချစ်ဇနီး ခရစ္စတီးနားခီ 

အနုပညာအလုပ်တွေနဲ့ မအားမလပ် ဖြစ်နေပေမယ့်လည်း ကုသိုလ်ရေးအတွက် အချိန်ပေးဖြစ်တဲ့ သူတို့ဇနီးမောင်နှံရဲ့ စိတ်ကလေးကို လေးစားနေကြတာလည်း တွေ့ရပါတယ်။ ဒါရိုက်တာ ခရစ္စတီးနားခီက ၂၀၁၈ခုနှစ် မတ်လ(၄) ရက်နေ့က သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့ ပါသေးတယ်။

အဲ့ဒီတုန်းကလည်း ခင်ပွန်းဖြစ်သူ ဇဏ်ခီကသူမရဲ့ ဆန္ဒတွေကို ဘေးကနေ ပါရမီဖြည့်ပေးခဲ့သလို အခုတစ်ခါ ဇဏ်ခီ သာသနာ့ဘောင်ထဲ ဝင်ရောက်တဲ့အခါမှာလည်း သူမက ဘေးက ပါရမီဖြည့်ပေးနေတာ တွေ့ရပါတယ်။

Photo : ဇဏ်ခီ FB

သူတို့ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က အိမ်ထောင်သက်တမ်း(၁၂)နှစ်ပြည့်သွားခဲ့ပါပြီ။ဇွန်လ(၂၅) ရက်နေ့က အိမ်ထောင်သက် (၁၂) နှစ်ပြည့်ခဲ့တာဖြစ်ပြီး နှစ်ပတ်လည်နေ့လေးမှာ အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။သူတို့နှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ် လည် အလှူကို ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ ပင်ရွှေညောင်လမ်း မြနန္ဒာကမ္ဘောဇ ဘုန်းကြီးကျောင်းမှာ ပရိသတ်တွေနဲ့အတူ အလှူကျင်းပ ခဲ့တာပါ။

Photo : ဇဏ်ခီ FB

 

သူတို့ဇနီးမောင်နှံဟာ ရှေ့သွားနောက်လိုက် ညီလွန်းလှတဲ့ စုံတွဲတစ်တွဲဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အတွဲပါ။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာသွားသွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်။ ဇဏ်ခီတို့မိသားစုလေးဟာ အလှူအတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ '' ဥပါယ်တံမျဉ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာနိုင်ငံက ပရိသတ် တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ မုဒြာရဲ့ ခေါ်သံ ဆိုတဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကြီး ကလည်း အောင်မြင်ခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က