မိဘကျေးဇူးဆပ်ခွင့်ရတဲ့အတွက် ဝမ်းသာမိတယ်တဲ့
သရုပ်ဆောင် နေဒွေးက ဒီနေ့(ဧပြီ၁၈ရက်)မှာ သာသနာ့ဘောင်ထဲ ဝင်သွားခဲ့ပါတယ်။ ဖုန်းကိုလည်း ရက်အကန့်မရှိ ပိတ်ထားမယ်လို့ ဆိုပါတယ်။ 

Photo: နေဒွေး



သရုပ်ဆောင် နေဒွေးက ဒီနေ့(ဧပြီ၁၈ရက်)မှာ သာသနာ့ဘောင်ထဲ ဝင်သွားခဲ့ပါတယ်။ လှိုင်သာယာ သစ်တံခါးဆရာတော်ကျောင်းမှာ သင်္ကန်းဝတ်ခဲ့တာ ဖြစ်ပါတယ်။ မိဘကျေးဇူး ဆပ်ခွင့်ရတဲ့အတွက် နေဒွေးတစ်ယောက် ဝမ်းသာလို့နေပါတယ်။ ဖုန်းကိုလည်း ရက်အကန့်မရှိ ပိတ်ထားမှာဖြစ်တယ်လို့ သူက ပြောထားပါသေးတယ်။

ရဟန်းဒကာမကြီးနှင့် ရက်အကန့်အသတ်မရှိ Fb , messager ,Ph များ လုံးဝ ပိတ်ထားပါမည်။ အလုပ်ကိစ္စများအတွက် ဂျာကြီးအောင်ကျော်နှင့် ဆက်သွယ်ကြပါခင်ဗျ” ဆိုပြီး ဧပြီ(၁၈) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo: နေဒွေး

နေဒွေး သင်္ကြန်တွင်း (၄)ရက်စလုံးကို ချင်းတွင်းသင်္ကြန်မှာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ေနဒွေးဟာ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင် ဇာတ်ကားကြီး တွေလည်း ရိုက်ကူးဖို့ လက်ခံထားတာေ တွရှိတယ်လို့သိရပါတယ်။ နေဒွေးဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း သူ့ရဲ့ ပရိသတ်တွေနဲ့ ဖြစ်စေ၊ သူတစ်ဦးတစ်ယောက်တည်းဖြစ်စေ။ အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။

Photo: နေဒွေး

နေဒွေး ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ သူ ကိုယ်တိုင်ကလည်း ထုတ်လုပ်ရေး တိုက်များစွာနဲ့တွဲပြီး စာချုပ်ချုပ်ရိုက်နေရတာဖြစ်တဲ့အတွက် ပရိုဂျူဆာတွေစိတ်ကြိုက်ရိုက်ပေးနေရတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အရည်အသွေးမြှင့်တဲ့ ဇာတ်ကားကောင်းတွေကို ရိုက်ချင်တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က