ဒီနေ့ (မတ်လ ၉) ရက်နေ့မှာဝင်ရောက်ခဲ့တာပါ။

ဖြိုးမြတ်အောင်က ဒီနေ့(မတ်လ ၉) ရက်နေ့မှာ သာသနာ့ဘောင်ထဲဝင်သွားပြီဖြစ်ပါတယ်။ သူ့ရဲ့ သာမဏေဘွဲ့ကတော့ အရှင်ပညာဝံသ ပါ။

Photo: ဖြိုးမြတ်အောင်



အဆိုတော် ဖြိုးမြတ်အောင်က မတ်လ ၉ ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုပ်ဖိုမြို့နယ် ဣစ္ဆာသယ ရန်ကင်းတောင် တောင်ညိုလေးတောရ ကျောင်းမှာ သင်္ကန်းဝတ်ခဲ့ပါတယ်။ ပရိသတ်တွေ ဖူးမျှော်နိုင်အောင် အသိပေးလိုက်ရပါတယ်တဲ့။

‘’ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုပ်ဖိုမြို့နယ် ဣစ္ဆာသယ ရန်ကင်းတောင် တောင်ညိုလေးတောရ အဂ္ဂဓူရဝိဇ္ဇာဓရ ဆရာတော် အသျှင်ကုသလ ၏ ခြေတော်ရင်း အစုံအား ဖူးမျှော်၍ Myanmar Idol Winner ဆုရှင် ကိုဖြိုးမြတ်အောင် မှ ရှင်သာမဏေ အဖြစ်ခံယူ၍ သာသနာဘောင်သို့ ရောက်ရှိသွားပါပြီခင်ဗျာ။ ဒါယိကာ ၊ ဒါယိကာမ များ ဖူးမျှော်စေရန် တင်ပေးလိုက်ပါသည်ခင်ဗျာ။သာမဏေ ဘွဲ့အမည်မှာအရှင်ပညာ ဝံသ ဖြစ်ပါတယ် ခင်ဗျ’’ ဆိုပြီးတော့ မတ်လ ၉ ရက်နေ့ နေ့ဘယ် ၂ နာရီခွဲက သူ့ရဲ့ ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: ဖြိုးမြတ်အောင်

ဖြိုးမြတ်အောင် ဟာ မကြာခင်က ဟင်္သာတဂုဏ်ဆောင် ဂီတမျိုးဆက်ဆုကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ ပရိသတ်တွေလည်း ဝမ်းသာပီတိဖြစ်နေကြပါတယ်။ ဖြိုးမြတ်အောင်က လက်ရှိမှာ ပွဲတွေ တော်တော်များများ တက်ဖြစ်နေပြီး သူ့ရဲ့ တစ်ကိုယ်တော် အခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အခွေအတွက် ပြင်ဆင်နေရင်း ကြော်ငြာ တွေရိုက်ကူးဖြစ်နေတဲ့ သူ့ကို ပရိသတ်တွေက သရုပ် ဆောင် တစ်ယောက်အဖြစ် မြင်တွေ့ချင်နေကြပါတယ်။ ဖြိုးမြတ်အောင် အနေနဲ့ကလည်း သူကျွမ်းကျင်တဲ့ အဆိုပိုင်းကို ပိုပြီး အားစိုက် လုပ်ချင်ကြောင်း ယခုလို ပြောပြခဲ့ပါတယ်။

"သရုပ်ဆောင် လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူ။ ကြော်ငြာလေးတွေကတော့ ကျွန်တော့်မိသားစုနဲ့ အဆက်အသွယ်မပြတ်အောင် လုပ်နေ တာပါ။ ရုပ်ရှင်သရုပ်ဆောင် လုပ်ဖို့ကတော့ ကျွန်တော့် အနေအထားနဲ့ ဖြစ်မှာမဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်က သီချင်းဆိုတဲ့ သူတစ် ယောက်ဆိုတော့ သီချင်းပဲ ဆိုမှာပါ။ ကမ်းလှမ်းလာခဲ့ရင်လည်း သရုပ်ဆောင် မလုပ်ပါဘူး။ကိုယ်ဆိုတဲ့ အပိုင်းကိုမှ ကိုယ်မရောက်သေးဘူးလေ။ ကြိုးစားရဦးမယ်။ သရုပ်ဆောင်ဘက်ကူးပြီးဆိုရင် ကျွန်တော့်မှာ ဟိုမရောက်ဒီမရောက်နဲ့ အလယ်မှာ မျောက်သစ်ကိုင်းလွတ်သလို ဖြစ်နေ မှာပေ့ါ" လို့ နိုဝင်ဘာ(၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ စိန်နန်းတော်ပွဲမှာ ဖြိုးမြတ်အောင်က မီဒီယာတွေကို ပြောခဲ့ဖူးပါတယ်။

Photo: ဖြိုးမြတ်အောင်

အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က