မွေးနေ့မတိုင်ခင် သီလရှင်ဝတ်ခဲ့တာပါ။

သရုပ်ဆောင်မိုးဟေကိုဟာ မွေးနေ့ မတိုင်ခင်မှာ သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူမဟာ မွေးနေ့မတိုင်ခင် အလှူအတန်းတွေလည်း လုပ်ခဲ့တာ တွေ့ရပါတယ်။

Photo: john Lwin



မိုးဟေကိုက ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းက သီလရှင် ဝတ်ခဲ့တယ်လို့ ဆရာဖြစ်သူ Star & Model Agency မှ ဂျွန်လွင်က ပြောပါတယ်။ သူမဟာ ဇွန်လ ၂၆ ရက်နေ့မှာ မွေးနေ့ကျရောက်မှာ ဖြစ်ပါတယ်။

‘’Moe hay ko သာသနာ့ဘောင်တွင်းသို့ဝင် တရားထူးတရားမြတ်ရှာတွေ့ပြီးဘဝမှာငြိမ်းချမ်း သာယာစွာဖြတ်သန်းနိုင်ပါစေ’’ ဆိုပြီးတော့ မိုးဟေကိုရဲ့ ဆရာတစ်ဦးဖြစ်သူ ဂျွန်လွင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ၄၉ မိနစ်က ရေးသားထားတာ ဖြစ်ပါတယ်။ အဲဒီနောက် သာသာနာ့ဘောင်ဝင်ခဲ့တဲ့ မိုးဟေကိုရဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။ မိုးဟေကိုနဲ့ အတူ ဇာတ်ပို့သရုပ်ဆောင် ယွန်းရွှေရည်ကလည်း သာသနာ့ဘောင်ထဲ ဝင်ခဲ့တာဖြစ်ပါတယ်။ မိုးဟေကိုရဲ့ သီလရှင် ဘွဲ့နာမည်ကတော့ ဆရာလေး အဂ္ဂဉာဏီ ဖြစ်ပါတယ်။ ၉ ရက်အကြာ သာသနာ့ဘောင်ထဲ ဝင်ရောက်တာဖြစ်တယ်လို့ သိရပါတယ်။


Photo: john Lwin

သရုပ်ဆောင် မိုးဟေကိုက သူမရဲ့ မွေးနေ့ မတိုင်ခင်မှာ အလှူအတန်းတွေ လုပ်နေတာ တွေ့ရပါတယ်။ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာလည်း ရန်ကုန်ဆေးရုံကြီးမှာ အလှူတွေ လုပ်ခဲ့ပါတယ်။ သူမရဲ့ မွေးနေ့ကတော့ ဇွန်လ ၂၆ ရက်နေ့ ဖြစ်ပါတယ်။

‘’မိုးရဲ့မွေးနေ့နားနီးတော့ မွေးနေ့ အလှူဒါနအဖြစ် မနက်ပိုင်းစောစော ရန်ကုန်ဆေးရုံကြီးမှာ လူ၆၀၀စာ မနက်စာဆန်ပြုတ် နဲ့ နေ့လည်စာ ကြက်ကြော်နဲ့ထမင်း များကို ရွှေကြာပရဟိတလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူများရဲ့ ကူညီပေးမှုနဲ့အတူ ကိုယ်တိုင်သွားရောက် လှူဒါန်းဖြစ်ခဲ့တယ်’’ ဆိုပြီးတော့ ဇွန်လ ၁၇ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ Facebook Page မှာ ရေးသားခဲ့ပါတယ်။

Photo: john Lwin

မိုးဟေကိုက မိခင်ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတဲ့အပေါ် ပရိသတ်တွေ နားလည်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ကျန်းမာရေး ပြန်ကောင်းတဲ့အချိန်ကျရင် အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

‘’အမေ့ရဲ့ ကျန်းမာရေးကတော့ သေချာဂရုစိုက်နေရတုန်းပေါ့နော်။ အရမ်းကြီးကောင်းတဲ့အထဲမှာတော့ မပါဘူး။ အခုထက်တော့ မဆိုးသွားအောင် သေချာ ဂရုစိုက်နေရတာပေါ့။ အလုပ်တွေ သိပ်မလုပ်ဖြစ်တာကလည်း မိဘရဲ့ ကျန်းမာရေးအကြောင်းကြောင့် နားလည်ပေးကြပါ။ ဒါလေးကြောင့် ကားရိုက်တွေနဲ့ ဝေးကွာနေတယ်။ နောက်ပိုင်းတော့ အချိန်ပြန်ပေးဖြစ်မှာပါ’’ လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

Photo: john Lwin

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ မကြာခင်မှာလည်း သရုပ်ဆောင် နေတိုးနဲ့ အတူ ''ကျွန်တော့်ရဲ့ သူ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က