တစ်သက်လုံး ဝတ်ဖို့တောင် နောက်လိုက်ပါသေးတယ်။
ဒီနေ့မှာ အဆိုတော် Wai လျှံက အမြွှာသားလေးတွေနဲ့ သာသနာ့ဘောင်ထဲ ဝင်နေတဲ့ ထွန်းထွန်းကို သွားရောက်တွေ့ဆုံပြီး ကန်တော့ခဲ့ပါတယ်။

Photo : Wai လျှံ



အဆိုတော် ထွန်းထွန်းက သင်္ကြန်မတိုင်ခင် သာသနာ့ဘောင်ထဲ ဝင်နေတယ်လို့ သိရပါတယ်။ ဒီနေ့(ဧပြီ၁၂ရက်)မှာလည်း အဆိုတော် Wai လျှံက သာသနာ့ဘောင်ထဲ ဝင်နေတဲ့ ထွန်းထွန်းကို သွားရောက်တွေ့ဆုံပြီး ကန်တော့ခဲ့ပါသေးတယ်။

“လေးလေးထွန်းထွန်း သင်္ကြန်မှာ ဥစ္စာမရှာခင် တရားရှာ ကုသိုလ်ယူစဉ် သွားရောက်ဖူး သင်္ကန်းနှင့်လိုက်ဖက်ကြည်ညို ဖွယ်ကောင်းလို့ တစ်သက်လုံး သာသနာဘောင်မှာနေ ပါ ဘုရား! Frank & Tank လဲ လိုက်ပြီး ဖူးတာ” ဆိုပြီး ဧပြီ(၁၂) ရက်နေ့က Wai လျှံရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : Wai လျှံ

Wai လျှံဟာ လက်ရှိမှာ ဖျော်ဖြေပွဲတွေ သွားနေတာတွေ့ရပါတယ်။ သားနှစ်ယောက်အတွက် အနုပညာအလုပ်တွေအပြင် တခြားစီးပွားရေးကိုလည်း လုပ်နေရသေးတယ်လို့ Wai လျှံက ဆိုပါတယ်။ အလုပ်တွေကိုလည်း အရင်ကထက်ပို ကြိုးစားနေတာကို တွေ့ရပါတယ်။

''အပြင်စီးပွားရေးကတော့ ရှိတော့ရှိပါတယ်။ ကျွန်တော့်အဖေရဲ့ အလုပ်တွေမှာ နည်းနည်းဝင်ကူပေးတာတို့ ပြီးတော့ အမျိုးသမီးကလည်း သူ့အလုပ်နဲ့သူရှိတယ်လေ။ သားတွေကလည်း အမြွှာဆိုတော့ စရိတ်က ၂ ဆကုန်တာပေါ့။ ဒါကြောင့်လည်း နည်းနည်းလေးတော့ ပိုရှာနေရတာပေါ့'' လို့ သူကဆိုပါတယ်။

Photo : Wai လျှံ

 Wai လျှံနဲ့ ဇနီးဖြစ်သူ သန့်စင်မွန်တို့ဟာ ဇူလိုုင်(၉)ရက်နေ့ ၂၀၁၆ ခုနှစ်က နှစ်ဖက်မိဘစုံညီစွာနဲ့ စေ့စပ်ခဲ့ကြပြီးနောက် မင်္ဂလာဦး ဆွမ်းကျွေး အခမ်းအနားကိုတော့ အောက်တိုဘာ(၂၀)ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်း(၁၄)ရပ်ကွက်မှာရှိတဲ့ မဟာဗောဓိပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က