လေးစားအားကျဖို့ ကောင်းလိုက်တာ။
နန္ဒာလှိုင်တို့ ဇနီးမောင်နှံက ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးစေတီတော်မြတ်ကြီး ရွှေထီးတော်တီလှူပွဲမှာ သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် သိန်း (၉၀၀)ကျော် ပါဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo : နန္ဒာလှိုင်

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ သရုပ်ဆောင် နန္ဒာလှိုင်တို့ မိသားစုဟာ မတ်လ(၂၄) ရက်နေ့က သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နိုင်စေဖို့အတွက် သိန်း (၉၀၀) လှူဒါန်းခဲ့ပါတယ်။ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးစေတီတော်မြတ်ကြီးနဲ့ လေးကျွန်းရန်အောင်ရေကြည်ရေနောက် စေတီတော်တို့အား ရွှေထီးတော်တင်လှူပွဲမှာ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

Photo : နန္ဒာလှိုင်

နန္ဒာလှိုင်တို့ မိသားစုဟာ ဒုတိယကျိုက်ထီးဆောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန ္တနာဂဒီပထံ ကျိုက်ထီးဆောင်းသာသနာပြုလုပ်ငန်းများဆောင်ရွက်ရန် နဝကမ္မ အလှူငွေကျပ်သိန်း (၅၀၀)လှူဒါန်းခဲ့သလို တိုင်းစည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်ထံ ဘုရားကြီး အဝင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက် အလှူငွေ ကျပ်သိန်း(၄၀၀) ကို ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ နန္ဒာလှိုင်ရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၂၄) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : နန္ဒာလှိုင်

လှူငွေ လှူဒါန်းနေတဲ့ ပုံရိပ်များနဲ့ ထီးတော်တင်လှူပွဲမှာ ပါဝင်ကုသိုလ်ယူနေတဲ့ ပုံရိပ်လေးတွေကိုလည်း နန္ဒာလှိုင်ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာ တွေ့ရပါတယ်။ သရုပ်ဆောင် နန္ဒာလှိုင်ဟာ အလှူအတန်းတွေနဲ့ ပတ်သက်လာရင် လက်မနှေးသူလည်း ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူနဲ့အတူ ဘုရားတည်၊ ကျောင်းဆောက်တာတွေမှာ ပါဝင်ကုသိုလ်ယူဖြစ်သလို အခြား ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ သရုပ်ဆောင် နန္ဒာလှိုင်ဟာ ယခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။

Photo : နန္ဒာလှိုင်

နန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ဘဝကို တည်ဆောက်နေသူဖြစ်ပါတယ်။



က္က