ဘယ်သူမှ အရေးမယူနိုင်တာ အံ့သြဖို့ကောင်းတယ်။

‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ကားကြီးဟာ အွန်လိုင်းစာမျက်နှာပေါ်မှာ ဇာတ်ကားအစအဆုံး ထွက်ပေါ်လာတဲ့အပေါ် ဇဏ်ခီက အခုလို သုံးသပ်ပြောပြလိုက်ပါတယ်။ ဒီ့အတွက် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့လည်း Central Base ရုပ်ရှင်ထုတ်လုပ်ရေးဘက်က အတိအလင်းကြေညာချက်ထုတ်ထားတာကိုတွေ့ရပါတယ်။

Photo: Facebook

သရုပ်ဆောင် ဇဏ်ခီဟာ ‘’ဥပါယ်တံမျဉ်’’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ကား အစအဆုံးကိုလူမှုကွန်ယ က်စာမျက်နှာပေါ်မှာ ပေါ်ပေါ်ထင်ထင် ဖြန့်ဝေနေတဲ့အပေါ် သုံးသပ်ပြောပြလာပါတယ်။

‘’Deception online ပေါ်ပြန့်နေမှုကို ဥပဒေလမ်းကြောင်းအရအရေးယူဖို့ ကျွန်တော်တို့ကြိုးစားနေတဲ့ကြားထဲက အခုဆိုရင်ပေါ်ပေါ်ထင်ထင် page နဲ့ကိုပြနေပါတယ်။ ဘယ်သူမှအရေးမယူပေးနိုင်ဘူးဖြစ်နေတာ တော်တော်အံ့သြဖို့ကောင်းပါတယ်’’ ဆိုပြီးတော့ မတ်လ ၂၅ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: ဥပါယ်တံမျဉ်

‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ၂၀၁၈ ခုနှစ် ဇွန်လ အတွင်းတုန်းကလည်း အွန်လိုင်းစာမျက်နှာတွေပေါ်မှာ Digital Format ဖြင့် ခိုးယူခံခဲ့ ရတဲ့အပေါ် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ ‘’ ဥပါယ်တံမျဉ်’’ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်တဲ့ Central Base ကုမ္ပဏီက နိုင်ငံပိုင်သတင်းစာတွေကနေတဆင့် ကြေညာခဲ့ပါသေးတယ်။

Photo: ဥပါယ်တံမျဉ်

ထိုကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ရင်ဖွင့်ရေးသားခဲ့တာကို တွေ့ရပါတယ်။

'' ကျွန်မရဲ့ရုပ်ရှင် online မှာ စပြန့်လာပါတယ်။ အနုပညာနဲ့ပက်သက်ရင် ကျွန်မ ရိုးသားပြီး ရုန်းကန်ခဲ့ရတဲ့အလုပ်တခုဖြစ်နေတဲ့အတွက် ကျွန်မအနေနဲ့ တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ စဖြန့်တဲ့ သူကိုလည်း ကျွန်မ screen shot ယူထားပါတယ် " ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ ပါတယ်။

Photo: ဥပါယ်တံမျဉ်

ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် အားပေးမှု အများဆုံးရရှိခဲ့တဲ့ ဇာတ်ကား တစ်ကားဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် ဇဏ်ခီ၊ အောင်မြင့်မြတ်၊ သက်မွန်မြင့်၊ ခြူးစစ်ဟန် နဲ့ ထိုင်းမင်းသမီး ကရာဗီ တို့က အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ကြတာပါ။

‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ကားကြီးဟာ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲက ဆန်ခါတင် ဇာတ်ကား ၂၅ ကားထဲမှာ ပါဝင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ရွေးချယ်လိုက်တဲ့ ဇာတ်ကား ၁၀ ကားထဲမှာတော့ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။

Share

Loading Next Article...
က္က