နောက်ဆို နိုင်ငံရေးနဲ့ မပတ်သက်ရဲတော့ပါဘူး။

အဆိုတော် ယုန်လေးကတော့ “ ငါတို့အားလုံးရဲ့ မြေ” သီချင်းဗီဒီယို ပုံစံမျိုး နောက်တစ်ခါ ထပ်မရိုက်ရဲတော့လောက်အောင် စိတ်ဓာတ်တွေ ကျသွားပြီလို့ ဆိုပါတယ်။ 

Photo: Yone Lay



သြဂုတ်လ(၄) ရက်နေ့ ကတည်းက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်ဝေဖန်မှုတွေ ကြုံတွေ့နေရတဲ့ “ ငါတို့အားလုံးရဲ့ မြေ” သီချင်းနဲ့ ပတ်သက်ပြီး ပုံဖော်ရိုက်ကူးသူ ယုန်လေးက အခုလို ပြောပြလာ ပါတယ်။ နောက်ဆိုရင် အခုလိုမျိုး မရိုက်ရဲတော့ဘူးလို့ ဆိုပါတယ်။ 

“ ကျွန်တော်တင်ပြချင်တဲ့ အနုပညာက ဆန္ဒစောသွားတယ်။ ကျွန်တော်က ရုပ်ရှင်တ စ်ကား ပုံစံလို မျှော်လင့်ပြီးတော့ရိုက်လိုက်တယ်။ အဲဒီရုပ်ရှင်ကလည်း ပေါင်းစည်းရေး၊ စည်းလုံးရေးကို ရည်ရွယ်ပြီးရိုက်တာပါ။ အခုတော့ မရိုက်ရဲတော့ပါဘူး။ အခုလိုကြီးဖြစ်လာမယ်လို့ မထင်ထားပါဘူး။ တချို့ဆိုပြောရက်တယ်ဗျာ စိတ်ဓာတ်တော်တော်ကျတယ်။ ကျွန်တော်လည်း နိုင်ငံရေးဆိုတာကို တော်တော်ကြောက်သွားပါပြီ”ဆိုပြီးတော့ သြဂုတ်လ(၅) ရက်နေ့ ၁၂ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေ Live လွှင့်ရင်း ပြောပြလာတာပါ။ 

Photo: Yone Lay

“ ငါတို့ အားလုံးရဲ့ မြေ” သီချင်းကို သြဂုတ်လ(၄) ရက်နေ့ မနက်(၁၀) နာရီကျော်က Original Ganster Facebook Page မှာ ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အားပေးကြည့်ရှုသူ ပရိသတ်ပေါင်း ၅.၃ မီလီယံ ကျော်ခဲ့ပြီဖြစ်ပါတယ်။ ဒီ သီချင်းလေးကိုလည်း ယုန်လေးက ပြန်ဖျက်ပေးသွားမယ်လို့ ဆိုပါတယ်။ 

“ အားလုံး သံသယရှင်းအောင် အခုချက်ချင်း ကျွန်တော့်ရဲ့ ဒီ Music Video ကို ဖြုတ်ချပေးပါ့မယ်။ ကျွန်တော့်ရဲ့ အနုပညာကိုတော့ တော်တော် နှမြောတယ်။ နောက်လည်း နိုင်ငံရေးနဲ့ ဘယ်တော့မှ မပတ်သက်တော့ပါဘူး။ ကျွန်တော် လူတိုင်းကို တစ်သက်လုံး ကူညီပေးလာခဲ့တာတွေကိုတော့ အခု တင်ပြချင်ဇောကြီးသွားလို့ မှားသွားတဲ့ အမှားတစ်ခုအတွက်နဲ့ ရေဆုန်မမြှောပစ်ပါနဲ့လို့ ကျွန်တော် အနူးညွှန့် တောင်းပန်ပါရစေ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Yone Lay

ယုန်လေး ကိုယ်တိုင် ဖန်တီးထားတဲ့ သီချင်းကြောင့် ပါဝင်သီဆိုကြတဲ့ အနုပညာရှင်များစွာကလည်း ဝေဖန်မှုတွေ ခံခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီအတွက် ယုန်လေးက အခုလို တောင်းပန်စကားဆိုခဲ့ပါတယ်။ 

“ ဒီသီချင်းကို နိုင်ငံတော်အကြီးအကဲတွေ ကိုယ်တိုင်လည်း ကြိုက်မယ်လို့ မျှော်လင့်ထားတာပါ။ အမေစု လည်း ကြိုက်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ အမေစု ကြည့်ရင်လည်း စိတ်မဆိုးလောက်ဘူးလို့ထင်ပါတယ်။ ကျွန်တော်မှားသွားရင်လည်း ကန်တော့ပါတယ်။ ပါဝင်အားဖြည့်ပေးကြတဲ့ အနုပညာရှင်တွေကိုလည်း ကျွန်တော် အရမ်းအားနာပါတယ်။ ဘာပဲဖြစ်ဖြစ် အကုန်လုံးက ကျွန်တော်နဲ့ သက်ဆိုင်ပါတယ်။ ပါဝင်တဲ့ သူတွေကိုလည်း ဘာမှ မဖြစ်စေချင်ပါဘူး။ ချမ်းချမ်းကိုလည်း နားလည်မှု လွဲသွားတဲ့ အတွက် စိတ်မကောင်းဖြစ်ရပါတယ်” လို့လည်း သူက ဆိုပါတယ်။ 

Photo: Yone Lay

"ငါတို့ အားလုံးရဲ့ မြေ"သီချင်းမှာတော့ အဆိုတော် ယုန်လေး အပါအဝင် ထူးအယ်လ်လင်း၊ မိုးမိုး၊ ဖြိုးမြတ်အောင်၊ ရော်ရွက်၊ မူးလာ၊ ချမ်းချမ်း၊ Lဆိုင်းဇီ၊ ရတနာမိုင်၊ မေမဒီ၊ ယွန်း တို့အပြင် နောက်ထပ် တေးသံရှင်များက ပါဝင်သီဆိုပေးခဲ့ကြတာဖြစ်ပါတယ်။ သရုပ်ဆောင်များ အနေနဲ့ မို့မို့မြင့်အောင်၊ သားညီ၊ ညီနန္ဒ တို့အပြင် နောက်ထပ် ဇာတ်ပို့ သရုပ်ဆောင်များကလည်း ပါဝင်သရုပ်ဆောင် ခဲ့ကြတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က