တကယ်ကို မွန်မြတ်တဲ့ စိတ်ထားလေးပါ။

သဇင်ထူးမြင့်ဟာ “ဆုံဆည်းခွင့်” ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးရေးမှာ ပါဝင်ခဲ့ကူညီခဲ့ကြတဲ့ စက်အဖွဲ့သားတွေကို သူမရဲ့ အနုပညာကြေးထဲကနေ အလှူလုပ်ခဲ့တယ်လို့ဆိုပါတယ်။

Photo: Thazin Htoo Myint



သဇင်ထူးမြင့်ကတော့ သူမရဲ့ ပထမဆုံးအနုပညာကြေးလေးကို ရိုက်ကွင်းပေါ်မှာ ပီတိဖြစ်စရာ အလှူလေးတစ်ခု လုပ်ခဲ့တာတွေ့ရပါတယ်။ ဒါကတော့ “ဆုံဆည်းခွင့်” ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးရေးမှာပါဝင်တဲ့ ဇာတ်ပို့၊ ဇာတ်ရံတွေနဲ့ မီးထိုး၊မှန်ထိုး၊ စက်အဖွဲ့သားတွေကို မုန့်ဖိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

“ဆုံစည်းခွင့်’ serie ဒီနေ့ပဲရိုက်ကူးပြီးသွားပါပြီ။ အမှတ်တရအနေနဲ့ သဲရထားတဲ့အနုပညာကြေးထဲကနေစက်မှုအဖွဲ့သားတွေကို ဒီလိုလေးပေးခွင့်ရလို့ အရမ်းကို ပျော်ရွှင်မိတယ်။ အမြဲနွေးနွေးထွေးထွေးနဲ့ ဂရုစိုက်ပြီး

လက်တွဲခေါ်ပေးကြလို့လည်း အရမ်းကို ကျေးဇူးတင်ပါတယ်။ နောက်ဆုံး နေ့လေးကတော့ တကယ်ကိုအမှတ်တရပဲ” ဆိုပြီးတော့ နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Thazin Htoo Myint

သဇင်ထူးမြင့်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲက ရွှေကြိုမယ် တစ်ယောက်အဖြစ် ပရိသတ်တွေစတင်သိရှိလာခဲ့တာပါ။ အဲဒီနောက်ပိုင်း ကြော်ငြာတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးလာရပြီး အခုဆိုရင် ဇာတ်လမ်းတွဲတွေတောင် ရိုက်ကူးနေရပါပြီ။ အခုလည်း ဒါရိုက်တာ စွမ်းပိုင် ရိုက်ကူးတဲ့ “ဆုံဆည်းခွင့်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာအိချောပိုရဲ့ ညီမအဖြစ်ပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ Channel 9 Free to air က ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ခန့်စည်သူ၊ ထက်ယံ၊ အိချောပို၊ သဇင်ထူးမြင့်၊ ဇွန်သံစဉ်၊ ထွဋ်မြတ်ရွှေရည်၊ ချစ်စနိုးစု၊ ဆောင်းသဇင်လှိုင်၊ အေးချမ်းမောင်၊ ဇေယံ တို့က အဓိက ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Photo: Thazin Htoo Myint

သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေး၊ သရုပ်ဆောင် နေရဲရဲ့ ညီမအငယ်ဆုံးလေးတစ်ယောက်ပါ။ ပညာရေးမှာလည်း ထူးချွန်သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း အကောင်းဆုံးကြိုးစားနေတာ တွေ့ရပါတယ်။ တက်သစ်စ လူငယ်အနုပညာရှင်တွေထဲမှာ သဇင်ထူးမြင့်ကလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်လာတဲ့ အနုပညာရှင်လေးတစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က