လှည်းကူးမြို့က Quarantine Center မှာ လှူမယ်လို့ သိရပါတယ်။

နီနီခင်ဇော်ဟာ Stay @ Home & Sing with me အစီအစဉ်ကနေ ရလာတဲ့ အနုပညာကြေးတွေကို လှည်းကူးမြို့က Quarantine Center အတွက် PPE ဝတ်စုံတွေနဲ့အတူ အလှူငွေတွေ လှူဒါန်းမယ်လို့ သိရပါတယ်။ 


Photo: Ni Ni Khin Zaw



နီနီခင်ဇော်ကတော့ Stay @ Home & Sing with me အစီအစဉ်ကနေ ရရှိလာတဲ့ အနုပညာကြေးတွေထဲကမှ လှည်းကူးမြို့မှာရှိတဲ့ Quarantine Center မှာ သွားရောက်လှူဒါန်းမယ့်အကြောင်း ပြောလာပါတယ်။ 

" Stay @ Home & Sing with me အစီအစဉ်ကို ကြည့်ပေးလို့ကျေးဇူးပါနော်။ ရရှိတဲ့အနုပညာကြေးထဲကမှ Covid 19 ကာလမှာသုံးဖို့ PPE ဝတ်စုံများနဲ့ အလှူငွေများကို Tay နဲ့ ပူးပေါင်းပြီး လှည်းကူးမြို့နယ် က Quarantine centerကိုလှူဒါန်းသွားမှာပါ။ ဝင်ရောက် Support ပေးကြတဲ့ တစ်ဦးချင်းဆီ၏ကျေးဇူးတင်လျက်.... နောက်တစ်ပတ် Sunday ည ၈နာရီ ပြန်တွေ့ပါမယ်" ဆိုပြီးတော့ မေလ ၂၄ ရက်နေ့ ညက သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Ni Ni Khin Zaw

နီနီခင်ဇော်ဟာ သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေ အနေနဲ့ Stay Home ကာလမှာ အပျင်းပြေဖို့အတွက် အွန်လိုင်းကနေတဆင့် ဂီတဖျော်ဖြေပွဲလေးတစ်ခု လုပ်နေတာ တွေ့ရပါတယ်။ မေလ(၂၄) ရက်နေ့က စလို့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း (၄) ပတ်တိတိ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။ 

" နီနီတို့ ဖျော်ဖြေမှုကိုတော့ အပိုင်း(၄) ပိုင်းခွဲပြီး ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ၄ ပတ်စာ အပတ်စဉ် တနင်္ဂနွေနေ့ ညတိုင်း (၈) နာရီအချိန်မှာ ဖျော်ဖြေပေးသွားမှာပါ။ နောက်တစ်ပတ်တွေမှာ နီနီကိုယ်တိုင် Cover Song လေးတွေရော၊ မြန်မာသီချင်း၊ အင်္ဂလိပ်သီချင်းတွေ သီဆိုပေးသွားမှာပါ။ အမှတ်တရအဖြစ်ဆုံး သီချင်းကိုတော့ နောက်ဆုံး အပတ်မှာ သီဆိုသွားဖို့လည်း ရည်ရွယ်ထားပါတယ်" လို့ မေလ (၂၄) ရက်နေ့ ညက Stay @ Home & Sing with me Live မှာ ပြောပြခဲ့တာဖြစ်ပါတယ်။ 

Photo: Dior

နီနီခင်ဇော်ဟာ " ရက်စက်တယ် မိုး" ၊ " အလကားပဲ " ၊ "သူစိမ်း" ၊ " မျှော်လင့်ဆဲ"၊ " အဆင်ပြေပါတယ်" သီချင်းတွေကို မေလ (၂၄) ရက်နေ့ ညက Stay @ Home & Sing with me အစီအစဉ်မှာ သီဆိုဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ Tay App နဲ့ နီနီခင်ဇော်တို့ ပူးပေါင်းပြီး တင်ဆက်တဲ့ ဖျော်ဖြေမှုလေးတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။ ဖျော်ဖြေပွဲကို အားပေးရင်း Tay က ပေးထားတဲ့ မေးခွန်းလေးတွေကို Comment ကနေ ဖြေဆိုကြတဲ့ပရိသတ်တွေထဲကမှ မှန်ကန်တဲ့ တစ်ဦးကို ငွေကျပ်(၃) သိန်း ချီးမြှင့်ခဲ့တာ တွေ့ရပါတယ်။ နောက်တစ်ပတ်တွေမှာလည်း အခုလို အစီအစဉ်တွေပါဝင်သေးတယ်လို့ နီနီခင်ဇော်က ပြောပါတယ်။ 

Photo: KMA

နီနီခင်ဇော်ဟာ သီချင်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တဲ့အဆိုတော် တစ်ဦးဖြစ်သလို ‘’ဂယ်ဘဲ ဂယ်ဘဲ’’၊ ‘’Super Red’’ ၊ ‘’U’’ စတဲ့ အခွေတွေ ထွက်ရှိပြီးခဲ့သလို အောင်မြင်မှုတွေလည်း ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ပါ။ နီနီခင်ဇော်က Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က