COVID-19 ကာလအကြပ်အတည်း ကြုံနေရသူတွေအတွက်ပါ။

COVID-19 ကာလမှာ အကြပ်အတည်း ကြုံနေရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို လောကသားများအတွက် မိုးဟေကိုက ရုပ်ရှင်အစည်းအရုံးကနေတဆင့် ကုသိုလ်ပြုခဲ့ပါတယ်။ 

Photo: Moe Hay Ko



သရုပ်ဆောင် မိုးဟေကို ကတော့ အကြပ်အတည်းဖြစ်နေတဲ့ အနုပညာလောကသားတွေအတွက် ရုပ်ရှင်အစည်းအရုံးကနေတဆင့် ငွေကျပ်(၁၀)သိန်းလှူဒါန်းခဲ့ပါတယ်။ မိုးဟေကိုရဲ့ အလှူအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးအေးကြူလေးက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ 

" Covid-19 ကာလ အကြပ်အတည်းဖြစ်နေချိန်တွင် ရုပ်ရှင်၊ ဗီဒီယိုလောကသားများအတွက် သရုပ်ဆောင် မိုးဟေကိုက (၁ဝ၀၀၀၀၀)ဆယ်သိန်းကျပ်လှူဒါန်းပါသည်။ အလှူရှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့်လိုအင်ဆန္ဒပြည့်ဝ ပါစေ" ဆိုပြီးတော့ ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Moe Hay Ko

မိုးဟေကိုဟာ COVID-19 ကာလမှာ သူမရဲ့ မိဘတွေကို သေချာ အချိန်ပေးရင်း ဂရုစိုက်နေတာ တွေ့ရပါတယ်။ သူမ ချစ်ရတဲ့ ပရိသတ်တွေကိုလည်း ကျန်းမာရေး ဂရုစိုက်စေချင်တယ် ဆိုတာကို ဇွန်လ ၉ ရက်နေ့က Facebook Live မှာ ပြောခဲ့ပါသေးတယ်။ 

“ အားလုံး ကျန်းမာရေးလည်း ဂရုစိုက်ကြပါလို့ မှာချင်ပါတယ်။ အပြင်တွေ သွားရင်လည်း Mask တွေ တပ်ဖို့ မမေ့နဲ့ဦးနော်။ အဲဒါက အရေးကြီးတယ်။ လက်ဆေးဖို့ကိုလည်း မမေ့ပါနဲ့ လုံးဝ မပေါ့ဆစေချင်ဘူး။ မိုးလည်း ဒါကို တော်တော် သတိထားတယ်။ တစ်ယောက်နဲ့ တစ်ယောက် ၃ ပေအခွာနေတယ်။ စကားပြောရင် Mask တပ်ပြီးတော့ ပြောတယ်။ အကျင့်တော့ မဖြစ်သေးပေမယ့် ကိုယ့်အတွက် အကျင့်တစ်ခု ဖြစ်လာအောင် အမြဲ သတိထားပြီး အကျင့်လေး လုပ်ပေးနေရတယ်။ မိုးရဲ့ ပရိသတ်တွေကိုရော၊ မိုးရဲ့ သူငယ်ချင်း အရင်းတွေကိုလည်း အရမ်းတွေ့ချင်တယ်။” လို့ ဆိုပါတယ်။ 

Photo: Moe Hay Ko

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က