ပျော်စရာကြီး။

ကိုယ်ချစ်တဲ့သူနဲ့ နှစ်ယောက်တစ်ဘဝထူထောင်ခွင့်ရတာလောက် ပျော်စရာကောင်းတာ မရှိပါဘူး။

photo : yan yan chan



သရုပ်ဆောင် ချစ်စနိုးဦးတို့ စုံတွဲကတော့ နိုဝင်ဘာ(၂) ရက်နေ့ညက The One Entertainment Park မှာ အနုပညာမောင်နှမတွေနဲ့အတူ မင်္ဂလာညစာစားပွဲကြီးကို ခမ်းနားစွာ ပြုလုပ်ခဲ့ပါတယ်။ နှစ်ယောက်သား မျက်နှာမှာ အပြုံးတွေကိုယ်စီနဲ့ မင်္ဂလာညစာစားပွဲကြီးကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတာကလည်း ကြည့်ရတဲ့ ပရိသတ်တွေအဖို့ ကြည်နူးဖို့ ကောင်းလှပါတယ်။ ချစ်စနိုးဦးရဲ့ သူငယ်ချင်းတွေ၊ အနုပညာမောင်နှမတွေကလည်း ချစ်ရတဲ့သူနဲ့အတူ လက်တွဲခွင့်ရတဲ့ သူမဖို့ ဝမ်းသာလို့ နေကြပါတယ်။

Photo : sandy myint lwin

သူတို့စုံတွဲလေးဟာ အောက်တိုဘာ(၂၀) ရက်နေ့က အလံပြဘုရားကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး ပြုလုပ်ခဲ့သလို အောက်တိုဘာ(၁၆) ရက်နေ့မှာ နှစ်ဖက်မိသားစု စုံစုံလင်လင်နဲ့ lotte Hotel တွင် မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာကိုတော့ အောက်တိုဘာ(၂၆) ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။

photo : yan yan chan

သူတို့နှစ်ဦးကတော့ ချစ်သူသက်တမ်း(၆)နှစ်ကျော်မှာ ရွှေလက်တွဲခဲ့တာ ဖြစ်ပါတယ်။ ချစ်စနိုးဦးရဲ့ ချစ်သူကတော့ အဆိုတော်တစ်ဦးအဖြစ် ဂီတလောကမှာ ရပ်တည်နေပြီး ပရိသတ်တွေသိတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

ချစ်စနိုးဦးကိုတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ဂီတအလုပ်ကိုပဲ တစိုက်မတ်မတ် ဆောင်ရွက်နေသူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က