ကြိုးစားမှုတွေ အရာထင်ခဲ့ပြန်ပြီ။
Ei Ei Myat

ချမ်းချမ်းကတော့ သူမရဲ့ ဝင်ငွေလေးနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ အိမ်လေး ပြီးသွားလို့ ပျော်လို့နေပါတယ်။

 

Photo : ချမ်းချမ်း

အဆိုတော်ချမ်းချမ်းရဲ့ ကြိုးစားမှုတွေ အရာထင်ခဲ့ပြန်ပါပြီ။ သူမရဲ့ ဝင်ငွေလေးနဲ့ အပင်ပန်းခံ ကြိုးစားပြီး တည်ဆောက်ခဲ့ရတဲ့ အိမ်လေး ဆောက်လို့ပြီးသွားလို့ ပျော်မဆုံး ဖြစ်လို့နေပါတယ်။ အိမ်သစ်လေးမှာ သမီးလေးအတွက် ရေကူးကန်လေးပါထည့်ပေးထားတာတွေ့ရပါတယ်။

“သန်လျင်ကအိမ်လေးအခုမှပြင်လို့ပြီးတယ်..အိမ်ကိုသန့်ရှင်းရေးမလုပ်နိုင်သေးဘူး..ဒါပေမဲ့ပျော်တယ်.အပင်ပန်းခံပြီး..ဆောက်ထားတဲ့အိမ်လေးပြီးသွားလို့ပျော်တယ်။ သမီးလေးအတွက်ရေကူးကန်လေးလဲပီးသွားလို့ပိုပျော်တယ်။ အိမ်ပတ်ပတ်လည် ဝရံတာလေးတွေ ထည့်ထားတော့စိတ်ချမ်းသာတယ်” ဆိုပြီး အောက်တိုဘာ(၁၄) ရက်နေ့က သူမရဲ့ဖေ့စ်ဘွတ်မှာရေးသားထားတာတွေ့ရပါတယ်။

Photo : ချမ်းချမ်း

သူမရဲ့ အိမ်သစ်လေးကိုတော့ သန်လျင်မှာဆောက်ထားတာပါ။ ပရိသတ်တွေကလည်း သူမရဲ့ ကြိုးစားမှုတွေကို ကြည့်ပြီး ကြည်နူးပီတိတွေ ဖြစ်နေကြသလို သမီးလေး မြမိုးဂင်္ဂါအတွက် အလုပ်တွေ ကြိုးစားနေတဲ့ သူမကို ချီးကျူးလို့နေကြပါတယ်။ချမ်းချမ်းဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Photo : ချမ်းချမ်း

သူမဟာ ‘’ တစ်ကယ်ဆိုရင် အချစ်ပဲ လိုတယ်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေတဆင့် ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ အဲဒီနောက်‘’အိပ်မက်’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ သို့..’’ ဆိုတဲ့ အခွေကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ဆုံး ထွက်ရှိထားတာပါ။


က္က