မြန်မာနိုင်ငံက အနုပညာရှင်တွေကို နိုင်ငံတကာမှာ ယှဉ်စေချင်ပါတယ်တဲ့။

နာမည်ကျော်ဖိုက်တင်မင်းသားတစ်ယောက်ဖြစ်တဲ့ ရဲမင်းပိုင်က မြင်းစီး၊ ဆိုင်ကယ်၊ အသက်အပုတ်၊ အပစ်အခတ် ကျွမ်းကျင်မှ မင်းသားလုပ်ဖို့ ပြောလာပါတယ်။ မြန်မာနိုင်ငံက အနုပညာတွေကို နိုင်ငံတကာက အနုပညာဖန်တီးမှုတွေနဲ့ ယှဉ်နိုင်ဖို့ ကြိုးစားသင့်တယ်လို့ ဆိုပါတယ်။

Photo: ရဲမင်းပိုင်

သရုပ်ဆောင် ရဲမင်းပိုင်က သရုပ်ဆောင်မင်းသား တစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းတွေကို အခုလိုပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း တစ်ချိန်က ပရိသတ်အားပေးမှုရရှိခဲ့တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။

‘’မြန်မာပြည်မှာ ရုပ်ရှင်သရုပ်ဆောင် မင်းသားတွေဖြစ်ချင်ရင် အလှအပတွေ လုပ်ပြနေလို့မရ အကြမ်း၊ အရမ်း၊ အလွမ်း၊ အချစ်၊ စွယ်စုံရအောင်ကြိုးစားပါ။ စွယ်စုံရဖြစ်နေမှ နိုင်ငံတကာနဲ့ယှဉ်လို့ရမှာ အချစ်ကားတွေလောက်ဘဲ ဆိုရင်တော့ သွားဦးမှာပဲ’’ လို့ သူကဆိုပါတယ်။

Photo: ရဲမင်းပိုင်

အရင်က နာမည်ကျော်ခဲ့တဲ့ မင်းသားတွေက ဖိုက်တင်နဲ့ပတ်သက်ရင် အကုန်လုံး တက်ကျွမ်းကြတယ်လို့ ရဲမင်းပိုင်က ပြောပါတယ်။

‘’တစ်ချိန်က မင်းသားတွေကအကုန်လုံး တတ်ကျွမ်းကြတယ်။ မြင်းစီး၊ ဆိုင်ကယ်၊ အသက်၊ အပုတ်၊ ဖိုက်တင်၊ ကျွမ်းဘား၊ အရှောင်အတိမ်း၊ အပစ်အခတ်၊ အပြေးအလွှား၊ တုတ်၊ ဓား ဖိုက်တင်တွေ၊ အချစ်အလွမ်း တွေ ဒါတွေတတ်မှ မင်းသားဖြစ်အောင်ကြိုးစားပါ’’လို့ ဆိုပါတယ်။

Photo: ရဲမင်းပိုင်

ဖိုက်တင်မင်းသားတစ်ယောက် ဖြစ်လာဖို့ဆိုတာ လွယ်တဲ့ အရာမဟုတ်ပါဘူးတဲ့။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာဖန်တီးမှုတွေကို နိုင်ငံတကာရုပ်ရှင်တွေနဲ့ ယှဉ်နိုင်စေချင်တယ်လို့ သူ့ရဲ့ ဆန္ဒကို ပြောပြလာပါတယ်။

‘’ဖိုက်တင်ဆိုတာ မလွယ်ပါ။ ကိုယ်တိုင်လုပ်ကြည့်မှ သိမှာပါ။ အနာဂတ် နိုင်ငံတကာရုပ်ရှင်တွေနဲ့ယှဉ်နိုင်ဖို့ကြိုးစားကြပါ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၁၁ နာရီ ၅၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ရဲမင်းပိုင်

သရုပ်ဆောင်ရဲမင်းပိုင်(Ye Min Paing)ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာအလုပ်တွေနဲ့ရော၊ ပရိသတ်တွေနဲ့ပါ အဆက်အသွယ် ဝေးနေခဲ့တာ ကြာပါပြီ။ သူ့ ကိုတော့ အရင်တုန်းက ဖိုက်တင်မင်းသားတစ်ယောက်အဖြစ် နယ်ပရိသတ်၊ မြို့ပရိသတ်တွေအများကြီး အားပေးခဲ့ကြ တာပါ။ အဲ့ဒီနောက် အမေရိကကိုရောက်ရှိသွားပြီးနောက်မှာတော့ မြန်မာပရိသတ်တွေ နဲ့ အနုပညာအလုပ်တွေကို ၁၀စုနှစ်အကျော် ဝေးကွာသွားခဲ့တာပါ။



က္က