ဝမ်းသာစရာသတင်းပါပဲ။
Ei Ei Myat

လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေးကတော့ သူတို့တတ်နိုင်တဲ့ဘက်က လူတွေကို အကူအညီပေးလျက်ရှိပါတယ်။

Photo : စိုင်းနေမျိုးမောင်မောင်

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေက ခွဲစိတ်ကုသဖို့ငွေကြေးလိုအပ်နေတဲ့ လူနာတစ်ဦးအတွက် အလှူငွေ (၁၃)သိန်းကို လှူဒါန်းခဲ့ပါတယ်။ တင်ပါးအဆစ်အစားထိုးခွဲစိတ်ဖို့လိုအပ်နေတဲ့ လှယမင်းဆိုတဲ့ကောင်မလေးအတွက် လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

သူတို့စုံတွဲရဲ့ လှူဒါန်းမှုနဲ့ ပတ်သက်ပြီး မန္တလေးမြို့က လူနာကူညီရေးအသင်းက ကျေးဇူး တင်စကား ပြောထားတာ တွေ့ရပါတယ်။

Photo : စိုင်းနေမျိုးမောင်မောင်

လင်းလင်းတို့ဘက်ကလည်း သူတို့လူဒါန်းမှုလေးနဲ့ပတ်သက်ပြီး ယခုလို ပြောထားပါသေးတယ်။

“လူထုခေါင်းဆောင်သွားနေတဲ့ မေတ္တာလမ်းမှာနိုင်သလောက်ယူတဲ့ တာဝန် ပါ။သမီးလေးလှယမင်း အစစအရာရာ အဆင်ပြေပါစေ,,

ကိုဝမ်း လဲ စိတ်ချမ်းသာ အပူကင်းစွာနဲ့ အများကျိုး သယ်ပိုးနိုင်ပါစေ”ဆိုပြီး လင်းလင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၁၉) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : လင်းလင်း

လင်းလင်းတို့ဇနီးမောင်နှံရဲ့ လှူဒါန်းမှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေကလည်း ကြည်နူးလို့ နေကြပါတယ်။လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ သမီးလေးတွေရဲ့ နာမည်နဲ့ “ခေတ်သစ်”ဖောင်ဒေးရှင်းဆိုတာကို တည်ထောင်ထားပြီး မွေးရာပါ နှလုံးရောဂါရှင် ကလေးတွေအတွက်ကိုလည်း ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။

Photo : လင်းလင်း

ချစ်သုဝေ(Chit Thu Wai) ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာ တာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က