ချစ်သူရှိနေပြီတဲ့။

အေသင်ချိုဆွေကတော့ လက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြလာပါတယ်။

Photo: A then Cho Swe



အေသင်ချိုဆွေက အခုဆိုရင် ချစ်သူရှိနေပြီလို့ ဆိုပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လာရင် ယုံကြည်ချက်မရှိတဲ့ သူမ အတွက်တော့ လက်ရှိ ချစ်သူက စိတ်ချမ်းသာစေတယ်လို့ပြောပြလာပါတယ်။ 

"ကျွန်မလောက် အချစ်နဲ့ပတ်သတ်ရင် ယောကျာ်းတွေနဲ့ ပတ်သက်ရင် ဆန်းဆန်းတင့်တာ ကျွန်မပဲ။ ကျွန်မ ဒီတခါ သိပ်ကံကောင်းတာပဲလို့ ပြောဖို့ စောနေသေးပေမယ့် ပြောဖို့အတွက် တကယ်ကိုထိုက်တန်လို့ပါ။ အချစ် နဲ့ပတ်သက်ရင် ကံဆိုးတယ်၊ ကံကောင်းတယ် ဆိုတဲ့ ကံတရားနဲ့ မဆိုင်ပါဘူး။ ကိုယ့်ကိုချစ် တဲ့ လူ နဲ့ ပဲ တိုက်ရိုက် သက်ဆိုင်နေပါတယ် ။ Love you coco" ဆိုပြီးတော့ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၃ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: A then Cho Swe

အေသင်ချိုဆွေကတော့ သူမရဲ့ ချစ်သူ ဘယ်သူလဲဆိုတာကိုတော့ ထုတ်ပြောပြထားတာ မတွေ့ရသေးပါဘူး။ လက်ရှိချစ်သူက သူမရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း သေချာဂရုစိုက်ပေးတယ်လို့ အေသင်ချိုဆွေက ပြောလာပါတယ်။ 

" ကျွန်မ ဒီရက်ပိုင်းတွေထဲအရမ်းပျော်ပြီး စိတ်လည်းချမ်းသာနေရတယ်။ တကယ်ပြောတာ။ မိသားစုနဲ့ခရီးသွားဖို့တွေ၊ ဝိတ်ပြန်ချဖို့တွေပဲစဉ်းစားနေမိတယ်။ ဝိတ်ချဖို့ကိုတောင်ကျန်းမာရေးကြောင့်ပဲ နည်းလမ်းမှန်စွာ ဖြေးဖြေးနဲ့မှန်မှန်ပဲချဖို့ မှာထားတယ် သူက။ တကယ်ပဲ သူက စိတ်ချမ်းသာအောင် နေဖို့မှာထားတယ်။ ပျော်နေတာပဲတွေ့ချင်တယ်တဲ့" လို့ ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: A then Cho Swe

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က