ဝမ်းသာဂုဏ်ယူမဆုံးဖြစ်လို့နေပါပြီ။

အိမ့်ချစ်ဟာ အာဆီယံနိုင်ငံအသီးသီးက အဆိုတော်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ASEAN+3 SONG CONTEST 2019 သီချင်းဆို ပြိုင်ပွဲမှာ 2nd Runner Up ကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကိုယ်ပိုင်သီချင်းတွေနဲ့သာ ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo: Eaint Chit



အဆိုတော် အိမ့်ချစ်ကတော့ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက် ဖြစ်ခဲ့ပါပြီ။ သူမဟာ ဗီယက်နမ်နိုင်ငံ Quang Ninh မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ASEAN+3 SONG CONTEST 2019 သီချင်းဆိုပြိုင်ပွဲကြီးမှာ 2nd Runner Up ဆု ရရှိခဲ့ပါတယ်။

‘’ဘယ် contestant တွေ ဘယ်လိုသီချင်းတွေရွေးရွေး၊ ကိုယ့်သီချင်းပဲကိုယ်ဆိုမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ Semi Final မှာ Slay အခွေထဲက Stuck ဆိုတဲ့သီချင်းကို ဆိုခဲ့တယ်။ Final မှာတော့ အောင်မြင်မှုနောက်ကွယ် သီချင်းဆိုခဲ့တယ်။ အသံဘယ်လောက်နာနာပြိုင်နေတယ် သဘောမထားပဲ ငါပရိသတ်ကိုအကောင်းဆုံးဖျော်ဖြေမယ်ဆိုတဲ့စိတ်နဲ့ပဲ စင်ပေါ်တက်ခဲ့တယ်။ ဒိုင်တွေက ကိုယ့်ကိုသီချင်းရေးနိုင်တာ ကိုယ်ပိုင်သီချင်း ကိုရွေးချယ်ဆိုတာတွေအတွက်တော့ ချီးကျူးကြတယ်’’ လို့ အစပျိုးရင်း ဇူလိုင်လ ၂၈ ရက်နေ့ ည ၁၁ နာရီ ၅၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့ပါတယ်။

Photo: Eaint Chit

အဲဒီနောက် ဆုပေးတဲ့ အစီအစဉ်မှာလည်း အိမ့်ချစ်က စိတ်လှုပ်ရှားခဲ့ရတဲ့ အကြောင်းတွေကိုလည်း ဆက်လက် ပြောပြခဲ့ပြန်ပါသေးတယ်။

‘’Best Effort ဆုတို့ Best Performance ဆုတို့ ပေးတာတွေပြီးသွားတဲ့အချိန်မှာ ၅ယောက်ပဲကျန်တယ်။ ဒီဆုတွေထဲတောင်ငါမပါတာ 1st,2nd,3rd ထဲတော့ ငါမပါလောက်တော့ပါဘူး။ ဆိုပြီးအေးဆေးပဲနေလိုက်ကာမှ Eint Chit From Myanmar ဆိုတော့ Thanks Everyone Who Wished Me Good Luck’’ လို့ သူက ဆိုပါတယ်။ အိမ့်ချစ်ကို အားပေးတဲ့ အမာခံပရိသတ်လေးတွေအတွက်ကတော့ အရမ်းကို ဂုဏ်ယူနေရတဲ့ အရာတစ်ခုပါ။ သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေ၊ မိသားစုဝင်တွေကလည်း ဂုဏ်ယူမဆုံးတဲ့အကြောင်းတွေကို Comment ကနေတဆင့် ရေးသားခဲ့ကြပါတယ်။

Photo: Eaint Chit

ASEAN+3 SONG CONTEST 2019 သီချင်းဆိုပြိုင်ပွဲကြီးမှာ အိမ့်ချစ်နဲ့အတူ အင်ဒိုနီးရှား အဆိုတော်တစ်ဦးက2nd Runner Up ဆုရရှိခဲ့ကြတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ Winner ဆုကိုတော့ မလေးရှားနိုင်ငံက ရရှိခဲ့ပါတယ်။ ဒီ သီချင်းဆို ပြိုင်ပွဲကြီးကိုတော့ ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့ အထိ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ASEAN+3 SONG CONTEST 2019 ပြိုင်ပွဲကြီးမှာ အာဆီယံနိုင်ငံ အသီးသီးက အဆိုတော်တွေကလည်း ဝင်ရောက်ယှဉ်ပြိုင်နေတာ တွေ့ရပါတယ်။

Photo: Eaint Chit

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော် ဖြေလာ သူ တစ်ဦး လည်း ဖြစ်ပါတယ်။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က