အသည်းထပ်မကွဲချင်တော့ပါဘူးတဲ့။

ဘုန်းမင်းနေလ တစ်ယောက် ထူးထူးခြားခြား အချစ်ရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြလာတာ တွေ့ရပါတယ်. လတ်တလောမှာလည်း ဘုန်းမင်းနေလရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ရှိနေတာ ဖြစ်ပါတယ်.

Photo: ဘုန်းမင်းနေလ



မိန်းကလေး ပရိသတ်တွေရဲ့ အချစ်တော် ဘုန်းမင်းနေလ တစ်ယောက် သူ့ရင်ထဲက ခံစားချက်တွေကို အခုလို ရင်ဖွင့်ပြောပြထားတာ တွေ့ရပါတယ်. နှလုံးသားရေးရာ အဆင်မပြေမှုတွေကြောင့် '' မမျှော်လင့်တော့ပါဘူး'' သီချင်းကိုတောင် နားထောင်ရတော့မယ်လို့ ဆိုပါတယ်.

'' Relation ship ဆိုဒါကြီးကို နောက်တစ်ကြိမ် ဘယ်သူနဲ့မှမတည်ဆောက် ချင်တော့ပါဘူး။ မရဲတော့တာဆို ပိုမှန်မယ်လေ။ အသည်းလည်း ထပ်မကွဲချင်တော့ပါဘူး ။Shwe Htoo ရဲ့ မမျှော်လင့်တော့ပါဘူး သီချင်းကိုေ နာက်တစ်ကြိမ် နာကျည်းစွာပြန်လည်နား ထောင်ဖို့ ဖြစ်လာပြန်ပါပြီလေ။ သြော်...Single is the best ပါလား''ဆိုပြီးတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်.

Photo: ဘုန်းမင်းနေလ

ဒီဇင်ဘာလ ၂၆ ရက်နေ့ တုန်းကလည်း ဘုန်းမင်းနေလနဲ့ ဒေါက်တာမလေး စိမ့် တို့ ချစ်သူတွေ ဖြစ်နေကြတယ် ဆိုတဲ့ သတင်းဟာ အွန်လိုင်း စာမျက်နှာပေါ်မှာ ပျံ့လို့ လာခဲ့ပါတယ်. ဒီလို သတင်းတွေ ထွက်လာတဲ့ အချိန်မှာလည်း နှစ်ယောက်စလုံးက ဖြေရှင်းမှုတွေ ပြုလုပ်ခဲ့တာမျိုး မတွေ့ရပါဘူး. ဒါပေမယ့် အခုချိန်မှာတော့ ဘုန်းမင်းနေလက သူ့ရင်ထဲက ခံစားချက်တချို့ကို ရင်ဖွင့်ပြောပြခဲ့ပါပြီ.

Photo: ဘုန်းမင်းနေလ

မိန်းကလေး ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတဲ့ ဘုန်းမင်းနေလ အတွက် မိခင်ဖြစ်သူ ခင်ဇာခြည်ကျော် ဘယ်လို ချွေးမလောင်း ရမှ ဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိဘူးလို့ ဆိုပါတယ်။ သားဖြစ်သူကိုလည်း အိမ်ထောင်တစ်ခုကို ဦးဆောင်ရမယ့် ယောကျ်ားတစ်ယောက် ဖြစ်တာကြောင့် ပညာတတ် တစ်ယောက်ဖြစ်ဖို့ အဓိက ကျတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ် ။

Photo: ဘုန်းမင်းနေလ

ခင်ဇာခြည်ကျော်က အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ မဂ္ဂဇင်းဓာတ်ပုံတွေ ရိုက်ကူးနေရုံသာမက တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာရေးကိုဘဲ အဓိက ဦးစားပေးနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က