ပြည်ပနိုင်ငံအသီးသီးတွေက ဂီတပညာရှင်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

Project K အဖွဲ့ကတော့ နိုင်ငံခြားက ဂီတပညာရှင်တွေလည်းသီဆိုကြမယ့် Asia Song Festival 2020 ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ဖျော်ဖြေရမယ်လို့ဆိုပါတယ်။ 

Photo: Project K



ဆယ်ကျော်သက်ပရိသတ်အများစုရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ Project K အဖွဲ့ကတော့ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Asia Song Festival 2020 ဂီတဖျော်ဖြေပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ သွားရောက် ဖျော်ဖြေရမယ်လို့ ဆိုပါတယ်။ 

"ကျွန်တော်တို့ Project K အနေနဲ့ အခုလာမယ့် September 14 ရက်နေ့ကနေစပြီး ကိုရီးယားမှာ Training သွားရောက်ရမှာဖြစ်ပြီးတော့ Training ပြီးသွားသည့်အခါတွင်လည်း Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဖျော်ဖြေသွားရမှာပါ။ဒီအကြောင်းတွေကို ကျွန်တော်တို့သိခဲ့တာကြာခဲ့ပေမယ့် Covid ကြောင့် အခြေအနေတွေကို အတိအကျမသိသေးလို့ မကြေငြာပေးဖြစ်ခဲ့တာပါ ... အခုတော့ အားလုံး Confirm ဖြစ်သွားပါပြီ ..." ဆိုပြီးတော့ စက်တင်ဘာလ(၉) ရက်နေ့ ည(၇) နာရီက သူတို့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ပေ့ချ် ကနေ ကြေငြာခဲ့တာ ဖြစ်ပါတယ်။ 

Photo: Project K

Asia Song Festival 2020 ဂီတဖျော်ဖြေပွဲမှာတော့ အာရှမှာရှိတဲ့ နိုင်ငံအသီးသီးက အဆိုတော်တွေလည်း ပါဝင်သီဆိုဖျော်ဖြေမယ်လို့ သိရပါတယ်။ Project K အဖွဲ့ အနေနဲ့ အကောင်းဆုံးကြိုးစားခဲ့မယ်လို့ ပရိသတ်အတွက် စကားလက်ဆောင် ပါးခဲ့ပါသေးတယ်။ 

"Asia Song Festival 2020 မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဖျော်ဖြေရာမှာလည်း အတတ်နိုင်ဆုံး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ကြိုးစားဖျော်ဖြေသွားပါ့မယ်။ ပြီးတော့ Training ကာလတွေမှာလဲ အတတ်နိုင်ဆုံး ကြိုးစားသင်ယူသွားပါ့မယ် ခင်ဗျာ။ ခရီးစဉ်တစ်လျှောက်လုံးမှာလဲ ကြီးကြပ်သူများရဲ့ ညွှန်ကြားချက်များကို အထူးလိုက်နာပြီး ကျန်းမာရေးကိုလဲ အထူးဂရုစိုက်သွားပါ့မယ်။ နှစ်ဖက်နိုင်ငံမှတာဝန်ရှိ လူကြီးမင်းများ အားလုံးကိုလဲ အထူး ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ Asia Song Festival 2019" ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။ 

Photo: Project K

Project K အဖွဲ့ဟာ လူငယ်ကောင်လေး(၇)ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ခုနှစ်က ကိုရီးယာနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိ Project K အဖွဲ့ဟာ ပြီးခဲ့သော လပိုင်းလောက် The Beginning ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပါသေးတယ်။ Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ပါဝင်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က