loading...

loading...

loading...

သတင်းကောင်းပဲနော်။
Ei Ei Myat

ဒီသတင်းကတော့ ဝတ်မှုံရွှေရည်ရဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းတစ်ခုလို့ပဲ ပြောရမှာပါ။

 

သရုပ်ဆောင် ဝတ်မှုံရွှေရည်ကတော့ ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Asian Academy Creative Award ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ Asian Academy Creative Award ဆုပေးပွဲမှာ ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ Regional ဆုပေါင်း (၆)ဆုရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆုတွေကတော့ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊ အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဓာတ်ပုံဆုနဲ့ အကောင်းဆုံးဇာတ်ဝင်တေးဆုတို့ ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo : လိပ်ပြာစံအိမ်

Brave Empire Entertainment ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ ‘လိပ်ပြာစံအိမ် ‘ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပြည်တွင်း၊ပြည်ပမှာ အောင်မြင်ခဲ့တဲ့ ဇာတ်ကားကြီး တစ်ကားဖြစ်ပါတယ် ။ဒီဇာတ်ကားကြီးနဲ့ ဝတ်မှုံရွှေရည်တစ်ယောက် Asian Academy Creative Award ကပေးတဲ့ Best Actress ဆုကို ရရှိခဲ့တာကြောင့် ပရိသတ်တွေလည်း ဝမ်းသာမဆုံး ဖြစ်လို့နေပါတယ်။

 

Asian Academy Creative Award ဆုပေးပွဲဟာ နှစ်စဉ်နှစ်တိုင်း စင်ကာပူနိုင်ငံမှာ ပြုလုပ်လေ့ရှိပြီး အာရှ-ပစိဖိတ်ဒေသမှ တစ်နှစ်တာအတွင်း ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများကို ရွေးချယ်ပြီး အကောင်းဆုံး အနုပညာဆောင်ရွက်ချက်များအတွက် ဆုရွေးချယ်ချီးမြှင့်လျက်ရှိတဲ့ ဆုပေးပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Photo : လိပ်ပြာစံအိမ်

လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကိုတော့ “From Bangkok to Mandalay “ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားတဲ့ ထိုင်းဒါရိုက်တာက ပုံဖော်ထားတာ ဖြစ်ပြီး နိုင်းနိုင်း၊ ဝတ်မှုံရွှေရည်၊ ဒေါင်းနဲ့ ကလေးသရုပ်ဆောင်တွေ ဖြစ်တဲ့ ပြည့်ပြည့်၊ တုန်တုန်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို ရေနံချောင်းမြို့ ကိုလိုနီခေတ်အိမ်အိုကြီးတစ်လုံးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။


loading...

က္က