စူးရှထက်ကိုလည်း ကျေးဇူးတင်တယ်တဲ့။

အဆိုတော် အစ္စဏီ တစ်ယောက် မကြာခင်မှာ ပြန်လွတ်လာတော့မှာ ဖြစ်လို့ ယုန်လေးက ပျော်လို့နေပါတယ်။ အစ္စဏီ အနုုပညာအလုပ်တွေ ပြန်လုပ်တဲ့အခါကျရင်လည်း ပရိသတ်တွေ အားပေးဖို့ ပြောထားပါသေးတယ်။

 

Photo : ယုန်လေး



ယုန်လေးကတော့ အစ္စဏီနဲ့ စူးရှထက်တို့ရဲ့ သတင်းကို ကြားပြီး ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဒီနေ့(သြဂုတ်လ၅ရက်)ရုံးချိန်းမှာ စူးရှထက်က အစ္စဏီအပေါ် စွဲဆိုထားတဲ့အမှုတွေအားလုံးကို ပြန်ရုတ်သိမ်းပေးပြီး ကျေအေးလွှာမှာ လက်မှတ်ထိုးပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း စူးရှထက်ကို ယုန်လေးက ကျေးဇူးတင်ကြောင်း ဒီနေ့လွှင့်တဲ့ Live ထဲမှာ ပြောခဲ့ပါတယ်။

“ကျေအေးပေးတဲ့ စူးရှထက်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့လည်း နားလည်မှု လွဲပြီး ဖြစ်ဖူးပါတယ်။ အဲအချိန်ကတည်းက ကျွန်တော်ကိုယ်တိုင် (၁၀)သိန်း မတည်ပြီးတော့ တခြားသူတွေအားလုံးနဲ့ တိုင်ပင်ပြီး အစ္စဏီ အပြင်ထွက်ဖို့အတွက် ပေးကြမယ်ပေ့ါ သူက အဲဒီအချိန်ကတည်းက ကျွန်တော့်ကို ပြောပါတယ်။ သူပိုက်ဆံကြောင့် မဟုတ်ဘူး။ ပိုက်ဆံ လက်မခံဘူးလို့ ပြောပါတယ်။ အဲဒီစကားကို သူအချိန်ကြာတဲ့အပေါ်မှာ သက်သေပြသွားပါတယ်။ အခုချိန်မှာ တစ်ကျပ်မှ လက်မခံသွားဘဲနဲ့ ဒီတိုင်း ကျေအေးလွှာ လက်မှတ်ထိုးပေးသွားပါတယ်။ အဲဒီအတွက်လည်း စူးရှထက်ကို ကျေးဇူးတင်ပါတယ်။ အဆင်ပြေသွားကြတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ” ဆိုပြီး ယုန်လေးက ဒီနေ့မှာ ပြောခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း ယုန်လေးက အစ္စဏီတစ်ယောက် အခုချိန်မှာ အရမ်းကို လိမ္မာတဲ့ သူတစ်ယောက်ဖြစ်နေပြီ ဖြစ်တာကြောင့် အစ္စဏီ ပြန်ထွက်လာတဲ့ အချိန်ကျရင်လည်း အရင်လို ချစ်ခင်ပြီး အားပေးဖို့ ပြောခဲ့ပါတယ်။ သီချင်းတွေ အများကြီး ပြန်လုပ်တဲ့အခါကျရင်လည်း အားလုံး ပြန်အားပေးကြပါလို့လည်း ယုန်လေးက တောင်းဆိုထားပါသေးတယ်။

ယုန်လေးဟာ သူငယ်ချင်းအပေါင်းအသင်းတွေကို အရမ်းချစ်တတ်သူ တစ်ယောက် ဖြစ်ပါတယ်။ အနုပညာလောကသားတွေထဲမှာ လိုအပ်နေတဲ့ သူတွေကိုလည်း သူတတ်နိုင်သလောက် လှူဒါန်းခဲ့သလို ဇာတာ်ကားမရိုက်ရတဲ့ ဇာတ်ပို့သမားတွေကိုလည်း သူ့ရဲ့ ဇာတ်ကားမှာခေါ်ရိုက်ပေးတာတို့ကို လုပ်ပေးနေသူပါ။

Photo : ယုန်လေး

ယုန်လေးက လက်ရှိမှာ လူငယ်အကြိုက် အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ကိုယ်တိုင်ဒါရိုက်တာ အစြဖ် ရိုက်ကူးနေတာ ဖြစ်ပါတယ်။ သူဟာ original Gangster 1 ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တာကစပြီး ပရိသတ်တွေနဲ့ထပ်တူကျခဲ့လို့ အောင်မြင်မှု နေရာတစ်နေရာကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း Mafia City ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးလို့ နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က