ဂုဏ်ပြုစကား ပြောပြခဲ့ပါတယ်။

ဒါရိုက်တာဝိုင်းရဲ့ သမီးလေး အတွက် ဖွေးဖွေးကတော့ ဝမ်းသာလွန်းလို့ မျက်ရည်လေးတောင် ဝဲမတက်ပါပဲတဲ့။ ဆရာဖြစ်သူ ဒါရိုက်တာဝိုင်း တို့ မိသားစုကိုလည်း ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

Photo: Amazing Grace



သရုပ်ဆောင် ဖွေးဖွေးကတော့ ဆရာဖြစ်သူ ဒါရိုက်တာဝိုင်းတို့ရဲ့ မိသားစုဝင်အသစ်လေးအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ မျက်ရည်လေးတောင် ဝဲသွားရတဲ့အထိပါပဲတဲ့။

‘’Congratulations ဆရာနဲ့ဆရာကတော်။ သမီးလေးနံမည် က "အသဲ’’တဲ့ Xo cuteee..ပုံလေးတွေကြည့်ပြီး ကြည်နူးရလို့ မျက်ရည်ပါဥမိသွားတယ်... ဟီး’’ ဆိုပြီးတော့ ဇူလိုင်လ ၂၁ ရက်နေ့ နေ့လယ် ၁နာရီ ၅၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဖွေးဖွေး ဟာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ လက်ပံရုပ်ရှင်ဇာတ်ကား၊ ကျွန်မ နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကား၊ ရွှေကြာရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီ ရရှိခဲ့သူပါ။ .

Photo: Wyne

ဒါရိုက်တာ ဝိုင်းတို့ရဲ့ မိသားစုဘဝထဲကို ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေး သဲသဲ ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒါရိုက်တာဝိုင်းရဲ့ ဇနီးဟာ ဇူလိုင်လ ၂၁ ရက်နေ့ မနက်မှာပဲ ဒုတိယမြောက် သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။

‘’21 July 2019(Sunday) မနက် 5:00 am အချိန်တွင် ၅ပေါင်၁၅အောင်စ ရှိသော သမီးလေးအသဲ(အိမ်နာမည်)ကို ဝိတိုရိယဆေးရုံ ၌ အဆင်ပြေ ချောမွေစွာ မွေးဖွားခဲ့ပါသည်။ သမီး လေးမွေးဖွားရန်အတွက် အစစအရာရာ ကူညီပေးခဲ့ကြသော ဦးဇော်ဝင်းရှိန်နှင့်ဇနီး၊ ဝိတိုရိယဆေးရုံအုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်များ ၊ လာရောက်အားပေးသော ကိုနေလင်းဦးနှင့်မမီး၊ သမီးလေး ကိုယ်ဝန် စရှိစဉ်ကတည်းက မွေးဖွားပြီးချိန်ထိ မိခင် နှင့် ကလေးကို ဂရုတစိုက် စောင့်ရှောက်ပေးပါသော ပါမောက္ခ ဆရာဝန်မကြီး ဒေါက်တာ "ဒေါ်ခင်လေးကြွယ်"နှင့် ဒေါ်ခင်နှင်းဦး အဆင်ပြေချောမွေစွာ ခွဲစိတ် မွေးဖွားပေးခဲ့ကြသော ကလေးဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ "ဒေါ်အေးအေးသိန်း" ၊ မေ့ဆေးဆရာဝန်ကြီး ဒေါ်ရင်နွယ်တို့နှင့်တကွ ဆေးရုံတက်နေစဉ် ကာလအတွင်း ဂရုတစိုက ်စောင့်ရှောက်ပေးကြသော ဝိတိုရိယ ဆေးရုံမှ တာဝန်ရှိဆရာဝန်များ၊ သူနာပြုများ နှင့် ဝန်ထမ်းများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၁ ရက်နေ့ မနက် ၆ နာရီ ၆ မိနစ်က ဝိုင်းရဲ့ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: Phway Phway

ဒါရိုက်တာ ဝိုင်းဟာ ၂၀၁၃ ခုနှစ်က ‘’စေတန်ရဲ့ ကချေသည်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၅ ခုနှစ်မှာ ‘’ကျွန်မက နှင်းဆီပါ မောင်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆု ကို ထပ်မံရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ‘’ရင်ဘတ်ထဲက ဓား’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကိုယ်ပိုင်ဇာတ်ညွှန်းဆုကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကိုလည်း ရွှေကြာ ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြန်ပါတယ်။ အဲဒီနောက် မလေးရှားနိုင်ငံ ကူချင်းမြို့မှာ ပြုလုပ်တဲ့ Asean International Film Festival 2019 ပွဲမှာ ဒါရိုက်တာဝိုင်းက Special Jury Awards ဆုကို ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ရရှိခဲ့ပါတယ်။

Photo: Phway Phway

ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က