ညီလေး၊ ညီမလေးတွေကို စောင့်ရှောက်စေချင်တယ်။
Sabal Thwin

မင်းမော်ကွန်းဟာ သားအကြီးဆုံးဖြစ်သူ မောင်မင်းမြတ်ရဲ့ အသက်(၂၁) နှစ်ပြည့် မွေးနေ့မှာ ဖခင် တစ်ယောက်အနေနဲ့ သားအတွက် ဆုတောင်းစကား ပြောခဲ့ပါတယ်။ 

သရုပ်ဆောင် မင်းမော်ကွန်းကတော့ ဇွန်လ (၁၃) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သားအကြီးဆုံး မောင်မင်းမြတ်ရဲ့ မွေးနေ့ကို အခုလို ဆုတောင်းစကားဆိုခဲ့ပါတယ်။ 

"Happy birthday မောင်မင်းမြတ် နှစ်ဆယ့်တစ်ပြည့်ပြီ။ အစ်ကိုကြီးအဖအရာ လိမ်မာပြီးကျန်းမာချမ်းသာစွာဖြင့် ညီ ညီမတွေကိုစောင့်ရှောက်နိုင်ပါစေ" ဆိုပြီးတော့လည်း ဇွန်လ ၁၃ ရက်နေ့ မနက် ၈ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Kyaw Kyaw Htay Lwin

မင်းမော်ကွန်းဟာ မောင်မင်းမြတ် က အသက်(၂၁ ) နှစ်ပြည့်ပြီလို့ဆိုပါတယ်။ မောင်မင်းမြတ် ၁ နှစ်ပြည့်မွေးနေ့တုန်းက ဓာတ်ပုံဟောင်းလေးထဲမှာလည်း မင်းမော်ကွန်းဟာ အသက် (၂၁) နှစ်အရွယ် ဖြစ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။ 

" လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်က သားကြီးမောင်မင်းမြတ်ရဲ့တစ်နှစ်ပြည့်မွေးနေ့ ကျွန်တော်က ၂၁ နှစ် ခုလက်ရှိသားကြီးမောင်မင်းမြတ်ကလဲ၂၁နှစ်" ဆိုပြီးတော့ ဇွန်လ ၁၃ ရက်နေ့ ည ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဓာတ်ပုံဟောင်းလေးနဲ့ တကွ ရေးပြီး တင်ခဲ့တာ ဖြစ်ပါတယ်။ 

Photo: Kyaw Kyaw Htay Lwin

မင်းမော်ကွန်းရဲ့ သားဖြစ်သူ မောင်မင်းမြတ်ကတော့ "ဆယ်လီ" ရုပ်ရှင်ဇာတ်ကားကြီးကနေ တဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူဟာ ဂီတအလုပ်ကို ပိုဝါသနာပါတယ်လို့လည်း မင်းမော်ကွန်းက Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ မောင်မင်းမြတ်ကတော့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်း အကယ်ဒမီ ဇင်ဝိုင်းရဲ့ မြေး ၊ အကယ်ဒမီ မင်းမော်ကွန်းရဲ့ သားအကြီးဆုံး ၊ သရုပ်ဆောင် လေပြေသွေးရဲ့ အစ်ကို ဖြစ်တာကြောင့် သူဟာအနုပညာမျိုးရိုးက ဆင်းသက်လာသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 

Photo: Kyaw Kyaw Htay Lwin

မင်းမော်ကွန်း(Min Maw Khon) က လက်ရှိမှာ သူချစ်ရတဲ့ ဇနီးနဲ့ အတူ သားသမီး ၃ ယောက်ပိုင်ဆိုင်ထားတဲ့ ဖခင်ဖြစ်ပါတယ်။ အကြီးဆုံးကတော့ သားကြီး မောင်မင်းမြတ်ဖြစ်ပါတယ်။ သမီးအလတ်ကတော့ လေပြေသွေးပါ။ သူမကတော့ အနုပညာအလုပ်တွေ လုပ်ကိုင်လျှက်ရှိပါတယ်။ အငယ်ဆုံးသားလေးကိုတော့ ဧကဘုန်းမြတ် လို့ နာမည်ပေးထားပါတယ်။ လေပြေသွေးကိုလည်း မင်းမော်ကွန်းရဲ့ သမီး၊ ဦးဇင်ဝိုင်းရဲ့ မြေး အဖြစ် ပရိသတ်တွေအများကြီးက အားပေးခဲ့ကြပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က