ငယ်ငယ်က အမှတ်တရတွေကို ပြောပြလာပါတယ်။

အောင်ရင်က သားဖြစ်သူ မိုးအောင်ရင်ရဲ့ ငယ်ငယ်တုန်းက အမှတ်တရတွေကို ဖော်ပြရင်း သတိတရလွမ်းတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ မိုးအောင်ရင်က အခုဆိုရင် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သုံးစွဲမှုတို့နဲ့ အကျဉ်းချခံနေရတာဖြစ်ပါတယ်။

Photo: Aung Yin

အဆိုတော် အောင်ရင်က ထောင်ထဲမှာရောက်နေတဲ့ သားကြီး မိုးအောင်ရင်နဲ့ နိုင်ငံခြားမှာ ပညာသင်ကြားနေတဲ့ သမီးငယ်၊ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်တို့ကို သတိရတဲ့အကြောင်းတွေ ရင်ဖွင့်လာပါတယ်။

‘’သားနဲ့သမီး နွေရာသီကျောင်းပိတ်ရက် ပဏ္ဏိတာရာမကျောင်းမှာ ယဉ်ကျေးလိမ္မာသင်တန်း ဒုတိယအကြိမ်တက်တုန်း သင်္ကန်းစီးတဲ့ ပုံလေးတွေ အလွမ်းပြေ ပြန်ကြည့်မိတယ် သားနဲ့သမီးရော ဆုံးသွားတဲ့ မယ်မယ်ရော သတိရတယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက် ၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Aung Yin

အဲဒီနောက် ဦးအောင်ရင် နဲ့ အတူ သား နဲ့ သမီး တွေရဲ့ သင်္ကန်းဝတ်တုန်းက မမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်။ သူတို့ မိသားစုလေးကို ချစ်တဲ့ ပရိသတ်တွေကလည်း ဖခင်တစ်ယောက်ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ကြသလို မိုးအောင်ရင် အတွက်ကိုလည်း စိတ်မကောင်းဖြစ်နေကြကြောင်း Comment ကနေ တဆင့် ရေးသားခဲ့ကြတာကို တွေ့ရပါတယ်။

Photo: Aung Yin

အဆိုတော် အောင်ရင်ရဲ့ သားဖြစ်သူ သရုပ်ဆောင် မိုးအောင်ရင်ကို ဒီဇင်ဘာ(၁၂) ရက်နေ့ ခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉(က)နဲ့ ထောင်ဒဏ်(၁၂)နှစ် ချမှတ်လိုက်ပါတယ်။ ထို့အတူ နိုဝင်ဘာ(၂၆) ရက်နေ့က ပုဇွန်တောင် တရားရုံးကနေ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှုအတွက် အလုပ်နဲ့ထောင်ဒဏ် (၅)နှစ် ကျခံဖို့ အမိန့်ချခဲ့ပါသေးတယ်။ဒါကြောင့် မိုးအောင်ရင်ဟာ စုစုပေါင်း ထောင်ဒဏ် (၁၇)နှစ် ကျခံခဲ့ရပါတယ်။ အဆိုပါ ထောင်ဒဏ် အပေါ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အယူခံဝင်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မှာတော့ ဒီအယူခံဝင်တဲ့အပေါ် အပြီးသတ် အမိန့်ချမယ်လို့ သိရပါတယ်။

Photo: Aung Yin

ဦးအောင်ရင်က လက်ရှိမှာတော့ မိသားစုကိုလည်း အချိန်ပေးဖြစ်နေသလို သားဖြစ်သူ အတွက်ကိုလည်း စိုးရိမ် ပူပန်နေရတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။ နောက်ထပ်လည်း မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း ဂီတအလုပ်တွေ လုပ်ကိုင်နေတာဖြစ်ပါတယ်။၂၀၁၈ ခုနှစ်အတွင်းမှာ ‘’ဒီရက်ပိုင်း’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် သားဖြစ်သူအတွက် ရေးဖွဲ့ထားတဲ့ ‘’အဖေ့စကား’’ ဆိုတဲ့ သီချင်းကလည်း ပရိသတ်တွေနဲ့ ဂီတအနုပညာအသိုင်းအဝိုင်းထဲမှာပါ အားပေးမှုများစွာရရှိထားတဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ 



က္က