လောလောဆယ် လက်ဒဏ်ရာကြောင့် ရိုက်ကူးရေးတွေ နားထားပါတယ်။

ဖွေးဖွေးက လက်ရှိမှာ လက်ဒဏ်ရာကြောင့် ရိုက်ကူးရေးတွေ နားထားတာဖြစ်ပါတယ်။ သူမဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ အချစ်နဲ့ပတ်သက်တဲ့ ဇာတ်ကားလေးတွေ ရိုက်သွားမယ်လို့ ဆိုပါတယ်။

Photo: Phway Phway



ဖွေးဖွေးက သူမရဲ့ လက်ဒဏ်ရာ သက်သာတဲ့အထိ ၂၀၁၉ ခုနှစ် တစ်ဝက်လောက်အထိကို ဇာတ်ကားရိုက်ကူးရေးတွေ နားထားဦးမယ်လို့ ဆိုပါတယ်။

‘’2019 ရဲ့ တစ်ဝက်လောက်ကိုတော့ လက်ကျန်းမာရေးအရ ရိုက်ရမယ့် ဇာတ်ကားလေးတွေရွှေ့ထားပြီးပဲ အေးဆေးနားနေပါမယ်လို့ ဖွေးချစ် Darlings တွေ Oopsies တွေ ကို အသိပေးအပ်ပါတယ် ရှင်။ မြန်မာနှစ်သစ်ရောက်ခါနီးပြီ ကံကောင်း ပျော်ရွှင် အေးချမ်းကြပါစေရှင်။ ပုံ/ ဒေါ်ဖွေး’’ လို့ သူက ဆိုပါတယ်။

Photo: Phway Phway

အဲဒီနောက် ၂၀၁၉ ခုနှစ်အတွင်းမှာပဲ အချစ်နဲ့ပတ်သက်တဲ့ ဇာတ်ကားအမျိုးအစားလေးတွေကို ရွေးချယ်ရိုက်ကူးသွားမယ်လို့လည်း သူက ဆိုပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာလည်း ဇာတ်ကားအမျိုးအစား များများလေး ရိုက်ကူးဖြစ်ခဲ့ပါတယ်တဲ့။

‘’2018 မှာ ဥပဒေနဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကား၊ ဘာသာရေးနဲ့ပတ်သက်တဲ့ ဇာတ်ကား၊ သရဲကား၊ ပြည့်တန်ဆာကား၊ ရိုက်ခဲ့သမျှပေါ့။ ခုတော့ ပေါ့ပေါ့ပါးပါး အချစ်ကားလေးတွေဘက်ပြန်လှည့် ကလှည့်လေးပါပဲ။ လူတိုင်းက အချစ်နဲ့ အနည်းနဲ့အများတော့ မကင်းကြဘူးမလား..လို့ ဟိ "ဘယ်ညာ ဘယ်ညာ" ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဧပြီလ ၉ ရက်နေ့ ညနေ ၆ နာရီကျော်က ရေးသားထားပါတယ်။ အဲဒီနောက် ‘’ဘယ်ညာ ဘယ်ညာ’’ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း Share ထားတာ တွေ့ရပါတယ်။ 

Photo: Phway Phway

ဖွေးဖွေးက လက်ရှိမှာ ကားအက်ဆီးဒင့် ဒဏ်ရာကြောင့် ရိုက်ကူးရေးတွေ နားထားပေမဲ့လည်း ပွဲလေးတွေတော့ တက်ဖြစ်နေတာတွေ့ရပါတယ်။ ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူပါ။ သူမကိုတော့ တီဗီကြော်ငြာတွေကနေတဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိထားမိစေခဲ့တာ ဖြစ်ပါတယ်။

Photo: Phway Phway

ဖွေဖွေးက ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က