ပရိသတ်တွေအတွက် ဆုတောင်းစကား ပြောထားတာပါ။

အောင်မင်းခန့်က ပရိသတ်တွေအတွက် ဆုတောင်းစကားလေး ပြောလိုက်တာပါ။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အတုအယောင်တွေနဲ့ ကင်းဝေးကြပါစေဆိုပြီး ပြောထားတာပါ။

Photo : အောင်မင်းခန့်

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် အောင်မင်းခန့်က ပရိသတ်တွေအတွက် ဆုတောင်းစကားလေး တစ်ခု ပြောထားပါတယ်။ အဲဒါကတော့ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အတုအယောင်နဲ့ ကင်းဝေစေဖို့ ပြောထားတာ ဖြစ်ပါတယ်။

ရေအိုင်ထဲမှာလရိပ်ထင်နေတဲ့ အချစ်မျိုးနဲ့မတွေ့ပါစေနဲ့ ဘာလို့လဲဆိုတော့ တကယ့်လ မှမဟုတ်တာ  ဘယ်လိုအခြေနေမျိုးမှာပဲဖြစ်ဖြစ် အတုယောင်နဲ့ကင်းဝေးကြပါစေ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ  ဇွန်လ(၂၁) ရက်နေ့က ပြောထားတာပါ။

Photo : အောင်မင်းခန့်

ပရိသတ်တွေကလည်း သူ့ကို အချစ်စစ်နဲ့တွေ့ဖို့အတွက် ပြန်ပြီး ဆုတောင်းစကားတွေ ပြောထားသလို အောင်မင်းခန့်တစ်ယောက် အခုတလော အချစ်အကြောင်းတွေချည်း ပြောနေလို့ ပရိသတ်တွေ သံသယဝင်လို့ နေပါတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ အားပေးမှု ရရှိလာတဲ့ အောင်မင်းခန့်က အချစ်ရေးမှာ ကံမကောင်းတတ်ဘူးလို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုဖူးပါတယ်။

အဲ့ဒါကြောင့် လက်ရှိမှာ အချစ်ရေးကို စိတ်မဝင်စားသေးပဲ သူချစ်တဲ့ အနုပညာအလုပ်တွေနဲ့ ချစ်တဲ့ပရိသတ်တွေအတွက် အချိန်ပေးဖြစ်နေတယ်လို့ အောင်မင်းခန့်က ဆိုပါတယ်။

“ကျွန်တော်က အချစ်ရေး သိပ်ကံမကောင်းဘူး။ အဲ့ဒါကြောင့် အေးအေးဆေးဆေးပဲ နေတယ်။ အခုချိန်က စိတ်ကစားတဲ့ အရွယ်လည်း မဟုတ်ဘူးလေ။ ကိုယ့်ပရိသတ်နဲ့ အလုပ်တွေနဲ့တောင် အချိန်ကမလောက်ဘူး ဖြစ်နေတာ ။”လို့ ဖေဖော်ဝါရီ(၉) ရက်နေ့က Time Square Fashion ပွဲမှာ ပြောပြခဲ့တာပါ။

Photo : အောင်မင်းခန့်

လက်ရှိမှာ ချစ်သူကောင်မလေး ထားဖို့ စိတ်ကူးမရှိသေးပေမယ့်လည်း သူကြိုက်တဲ့ ကောင်မလေး ပုံစံတော့ ရှိတယ်လို့ ဆိုပါတယ်။

“ကျွန်တော် ငယ်ငယ်ကတည်းကရော၊ အခုရော ကြိုက်တဲ့ ကောင်မလေးပုံစံ တစ်ပုံစံတည်း ရှိတယ်။ မိန်းကလေး ပီသရမယ်။ တည်ငြိမ်ရမယ်။ နူးညံ့ရမယ်။ မိန်းမသားတစ်ယောက်မှာ ရှိသင့်တဲ့ ပုံစံပေ့ါ အဲ့လိုမျိုးဆို ကျွန်တော်အရမ်းနှစ်သက်တယ်။ မိန်းကလေးတစ်ယောက် သိမ်သိမ်မွေ့မွေ့နူးနူးညံ့ညံ့လေး နေလိုက်ရင် အရမ်းကို သဘောကျတာ။” လို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

Photo : အောင်မင်းခန့်

အောင်မင်းခန့်ဟာ လက်ရှိမှာရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရပြီး သူပါဝင်ထားတဲ့ ဇာတ်လမ်းတွဲတွေဟာလည်း ပရိသတ်အားပေးမှု အခိုင်အမာရရှိနေတဲ့ ဇာတ်လမ်းတွဲတွေ ဖြစ်လို့နေပါတယ်။ မကြာသေးခင်ကမှ ပြီးသွားတဲ့ “မျက်လုံးမှာအလွမ်းနှုတ်ခမ်းမှာမာန” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲဟာလည်း ပရိသတ်တွေရဲ့ အားပေးမှု တခဲနက်ရရှိခဲ့ပါတယ်။


Share

Loading Next Article...
က္က