မေမေနဲ့ ညီမလေးကလည်း မိုးအောင်ရင် ရုပ်ရှင်ပြန်ရိုက်ရလို့ ပျော်နေကြပါတယ်တဲ့။

ဦးအောင်ရင်ကတော့ သားဖြစ်သူ မိုးအောင်ရင်အတွက် ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ မိုးအောင်ရင်ရဲ့ အနုပညာအလုပ်တွေ ပြန်လုပ်ခွင့်ရတဲ့အတွက်လည်း မိသားစုတွေက ပျော်နေကြတယ်လို့ဆိုပါတယ်။

Photo: Aung Yin


အဆိုတော် အောင်ရင်ကတော့ ရုပ်ရှင်ကားကြီးရိုက်ကူးနေတဲ့ သားဖြစ်သူ မိုးအောင်ရင်အတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဒီ့အတွက် ထုတ်လုပ်သူတွေကိုလည်း ကျေးဇူးတင်စကားဆိုလာပါတယ်။

‘’ဒီနေ့ Lucky 7 ရုပ်ရှင်ထုပ်လုပ်ရေးနဲ့ Oxygen ရုပ်ရှင်ဇတ်ကားကြီးကန်တော့ပွဲပေးပြီး စရိုက်ပါတယ် သားလုပ်ချင်တဲ့အလုပ်လုပ်ခွင့်ရလို့ Lucky 7 မိသားစုနဲ့ချစ်ခင်အားပေးနေကြတဲ့ ရုပ်ရှင်ချစ်ပရိတ်သတ်များကိုကျေးဇူးတင်ပါတယ်ခင်ဗျာ’’ ဆိုပြီးတော့ သြဂုတ်လ ၂၀ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Aung Yin

မိုးအောင်ရင်ဟာ ‘’အောက်ဆီဂျင်’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ ၂၀ ရက်နေ့မှာပဲ စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မိုးအောင်ရင်နဲ့အတူ မြင့်မြတ်၊ နေနော်၊ နေရဲ၊ ရွှေမှုံရတီ၊ ရဲအောင်၊ အောင်ခိုင် တို့က ပါဝင်သရုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ နေပိုင်က ရိုက်ကူးတာဖြစ်ပြီး ရန်ကုန်မြို့ထဲမှာပဲ ရိုက်ကူးရေး လုပ်သွားမယ်လို့ သိရပါတယ်။

Photo: Moe Aung Yin

သရုပ်ဆောင် မိုးအောင်ရင်က သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကို မြင့်မြတ်နဲ့အတူ ရိုက်ကူးရတာဖြစ်တဲ့အတွက် အရမ်းကို ပျော်ရွှင်နေမိပါတယ်တဲ့။ မြင့်မြတ်ရဲ့ အကူအညီတွေလည်းရမယ်ထင်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာ တွေ့ရပါတယ်။

“ကျွန်တော်နဲ့ မြင့်မြတ်နဲ့က အစောကတည်းက သူငယ်ချင်း အပြင်မှာလည်း ခင်တယ်။ တခြားသူထက်စာရင် မြင့်မြတ်နဲ့ အခုလို ပြန်ရိုက်ရတော့ ကျွန်တော်ပျော်တာပေ့ါ။ ကျွန်တော်ကိုယ်တိုင်လည်း တချို့အရာတွေမှာ အားငယ်တာရှိတယ်။ အဆင်ပြေပ့ါမလား လုပ်နိုင်ပ့ါမလားဆိုပြီး တွေးနေတာ ရှိတယ်။ ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို ဖေးမမယ်ထင်ပါတယ်။ ဖေးမပေးပါလို့လည်း ဒီကနေ ပြောချင်ပါတယ်” သူကဆိုပါတယ်။

Photo: Aung Yin

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က