ဒီနေ့က သူမရဲ့ မွေးနေ့ပါ။

မွေးနေ့မှာ သူမကိုယ်ပိုင်ဝင်ငွေလေးနဲ့ အလှူတွေ ပြုလုပ်ခွင့်ရလို့ အရမ်းကို ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဒီလိုလှူဒါန်းနိုင်တယ်ဆိုတာကလည်း ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပါလို့ ဧငြိမ်းဖြူက ပြောထားပါသေးတယ်။

Photo : Ag Naing

ဧပြီ ၂၄ ရက်က မော်ဒယ် သရုပ်ဆောင် ဧငြိမ်းဖြူရဲ့ မွေးနေ့ပါ။ သူမရဲ့ မွေးနေ့မတိုင် တစ်ရက်က မွေးနေ့အကြိုအနေနဲ့ အလှူအတန်းတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ သူမရဲ့ အနုပညာကြေးငွေလေးတွေ စုပြီး မိဘမဲ့ ကလေး(၈၀၀)ကျော်အတွက် လှူဒါန်းခဲ့သလို သူမရဲ့ မိဘတွေကို ငွေကျပ်(၁၀)သိန်းနဲ့ ကန်တော့ခဲ့တယ်လို့ ဆိုပါတယ်။

Photo : Ag Naing

“ဒီနေ့ မွေးနေ့အကြိုလေးလုပ်ဖြစ်ပါတယ် ချစ်ရတဲ့သူတွေရယ် ပြီးတော့ Queenie A လေးတို့နဲ့ နှစ်တိုင်းမပျက်မကွက် အလှူဒါန်းလုပ်ရတဲ့ ပီတိက ဘာနဲ့မှမတူပါဘူး .။ A သွားရောက်လှူဒါန်းခဲ့တာ တွံတေးမြို့မှာရှိတဲ့ "မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ" လေးပါ မိဘမဲ့ကလေးပေါင်း ( ၈၀၀ ) ကျော်ရှိပါတယ်။ A ကိုမွေးထုတ်ပေးတဲ့ ချစ်ရတဲ့ အမေနဲ့အဖေကိုလဲ ငွေကျပ် ( 10 ) သိန်းနဲ့လဲ ကန်တော့ဖြစ်ပါတယ်” ဆိုပြီး ဧငြိမ်းဖြူက ဧပြီ(၂၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : Ag Naing

သူမအခုလို အနုပညာကြေးတွေနဲ့ အလှူလုပ်ခွင့်ရတယ်ဆိုတာကလည်း ပရိသတ်တွေကြောင့်ပါလို့ ဆိုပါတယ်။

“A အနုပညာကြေးငွေလေးတွေနဲ့လုပ်ရတဲ့ အလှူဒါန်းလေးမို့ ပရိသတ်တွေရှိမှ ဒီလိုချစ်ရတဲ့ အလုပ်လေးဆကိလုပ်ခွင့်ရလို့ အားလုံးကိုယ်စားလှူဒါနိးခဲ့တဲ့ အလှူဒါန်းလေးမို့လဲ အားလုံး နတ်လူသာဓုခေါ်စေသော်” ဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။ မွေးနေ့အလှူလေးကို ချစ်သူ ရဲရင့်အောင်နဲ့အတူတူ လုပ်ခဲ့တာပါ။

Photo : Ag Naing

Dancer မလေး ဧငြိမ်းဖြူဟာ ပရိသတ်တွေ နှစ်သက်သဘောကျလောက်တဲ့ အကစွမ်းရည်ကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။ ဇာတ်လမ်းတွဲ တွေနဲ့အရမ်းမိုက်တဲ့ အကစွမ်းရည်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။



က္က