မတ်လ ၃၀ ရက်နေ့နဲ့ မတ်လ ၃၁ ရက်နေ့မှာ ပြုလုပ်သွားမှာပါ။

တတိယအကြိမ်မြောက် ကျင်းပပြုလုပ်မယ့် Duwun Food Carnival ပွဲကြီးရဲ့ Cele ဈေးတန်းမှာ နာမည်ကျော်အနုပညာရှင်တွေက ဈေးဆိုင်ဖွင့်ဖို့ အဆင်သင့် ဖြစ်လို့နေပါပြီ။ ဒီပွဲကိုတော့ မတ်လ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့ ပြည်သူ့ရင်ပြင် ကွင်းအမှတ် ၂ မှာ ပြုလုပ်သွားမှာပါ။

Duwun Food Carnival ပွဲမှာတော့ အဆိုတော် တင်ဇာမော်၊အဆိုတော် ကြက်ဖ၊ DJ Wyne ၊ သရုပ်ဆောင် မြတ်သူအောင်၊ သရုပ်ဆောင် သူရထူးနဲ့ မေနန္ဒ တို့က အစားအသောက်တွေကို ဆိုင်ခန်းလေးနဲ့ ပါဝင်ရောင်းချသွားမှာဖြစ်ပါတယ်။ ဒီအထဲမှာမှ တင်ဇာမော်ကတော့ ရခိုင်ရိုးရာအစားအစာလေးတွေ ရောင်းချသွားမယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။


‘’ Duwun Food Carnival ကနေ ကြီးမှူးပြီးကျင်းပမယ့် ပွဲမှာ တင်ဇာမော်နဲ့ တွဲလက်မောင်နှမများ ပရဟိတအဖွဲ့ကလည်း ဆိုင်ခန်း တစ်ခန်းမှာ စားစရာလေးတွေ ရောင်းမယ်ရှင့်။ ရခိုင်ရိုးရာအစားအစာတွေပါ။ မုန့်ဖက်သုပ်လေးတွေသုပ်၊ စိတ်ဝင်စားစရာ တိုစိမုန့်စိလေးတွေကို ရောင်းမယ်။ ရလာတဲ့ ငွေကြေးကို ပရဟိတအဖွဲ့ထဲကို လှူမယ်ရှင့်။ ပရိသတ်ကြီးလာခဲ့ပါအုံး ကျွန်မတို့လိုပဲ တခြားဆိုင်ခန်းပေါင်း ၇၀ ကျော်ရှိတယ်။ ကျွန်မကတော့ ၃၁ ရက်နေ့မှာရှိပါမယ်’’ လို့ တင်ဇာမော်က ပြောပါတယ်။


တင်ဇာမော်လိုပဲ အဆိုတော် ကြက်ဖကလည်း Cele ဈေးတန်းမှာ ထမင်းဗူးတွေ၊ အာလူးကြော်တွေ၊ ချောကလက်တွေ ရောင်းချသွားမယ်လို့ သိရပါတယ်။

‘’ အသင့်စားတဲ့ ထမင်းဘူးလေးတွေပါတယ်။ အာလူးကြော်ဗူးကြီးတွေပါတယ်။ ပြီးတော့ ချောကလက် ပါ ပါတယ်။ ကျွန်တော်ကတော့ ၂ ရက်စလုံးကိုတော့ တစ်ချိန်စီလာမှာပါ။ ၃၀ ရက်နေ့မှာတော့ ၄ နာရီကနေ ၆ နာရီ လာပါမယ်။ ၃၁ ရက်နေ့မှာတော့ ၆ နာရီကနေ ၈ နာရီအထိ ကျွန်တော်ရှိနေပါမယ်။ ချောကလက်ကိုလည်း အဲဒီမှာပဲ လုပ်မှာပါ။ ကျွန်တော်ကိုယ်တိုင် လုပ်မှာမဟုတ်ဘူး၊ လုပ်မယ့်သူ သက်သက်ရှိပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: ကြက်ဖ

Duwun Food Carnival ပွဲကြီးမှာတော့ ပရိသတ်အချစ်တော် အနုပညာရှင်တွေက Cele ဈေးတန်းမှာ ဆိုင်ခန်းလေးတွေ ဖွင့်ပြီး အစားအသောက်တွေ ရောင်းချသွားမှာဖြစ်ပါတယ်။သရုပ်ဆောင် မြတ်သူအောင်ကတော့ ကန်စွန်းဥမီးဖုတ်၊ ကြက်ဥ ချိစ်ကြော် ရောင်းဖို့ စဉ်းစားနေတုန်းပါတဲ့။ သရုပ်ဆောင် သူရထူးကတော့ မုန့်လက်ေ ဆာင်းကို သူကိုယ်တိုင်လုပ်ပြီး ရောင်းချသွားမှာဖြစ်ပါတယ်။ အဲဒီနောက် DJ Wyne ကလည်း ဒန်ပေါက် ဆိုင်ဖွင့်သွားမှာပါတဲ့။ မေနန္ဒကတော့ အုန်းမွှေးလုံးနဲ့ ပုဇွန်ချိစ့်ကင် တို့ကို ရောင်းချသွားမယ်လို့ သိရပါတယ်။ အစားအသောက်တွေလည်း စိတ်ကြိုက်ရွေးချယ်လို့ရသလို နာမည်ကျော် အနုပညာရှင်တွေနဲ့လည်း ဓာတ်ပုံရိုက်ကူးခွင့်ရမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံက ဖျော်ဖြေတင်ဆက်သူတွေပါဝင်မယ့် အစီအစဉ်တွေအပြင် လူကိုယ်တိုင်ပါဝင်ပြီး အစားအစာကောက်ယူနိုင်မယ့် အစီအစဉ်တွေလည်း ပါဝင်မှာပါ။ ဖျော်ဖြေမှုအစီအစဉ်တွေအဖြစ် Project-K ၊ ကောင်းကောင်း၊ ကျော်ဇင်မင်း၊ Key ၊ အုပ်စိုးခန့်၊ အေသင်ချိုဆွေ၊ ကေကေမိုး၊ အပြင် အကအဖွဲ့တွေက သီဆိုဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က