သူတို့တွေအတွက် ဆုတောင်းပေးထားပါသေးတယ်။

အိန္ဒြာကျော်ဇင်က သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ မိသားစုတွေအတွက် စိတ်မကောင်းဖြစ်နေသလို ထိခိုက်ဆုံးရှုံးမှုနည်းကြပါစေဆိုပြီး ဆုတောင်းပေးထားပါတယ်။

 

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ မွန်ပြည်နယ်အနှံ့ရေကြီးမှု သတင်းတွေကြားပြီး သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ မိသားစုတွေအတွက် စိတ်မကောင်းဖြစ်လို့နေတာပါ။ သူမရဲ့ ပရိသတ်တွေအတွက် ယခုလို ဆုတောင်းစကားလည်း ဆိုထားပါသေးတယ်။



“သဘာ၀ ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။ထိခိုက်ဆုံးရှုံးမှု နည်းကြပါစေ။ အသက်ဆုံးရှုံးခဲ့ကြသူများလည်း ကောင်းရာမွန်ရာ ရောက်ကြပါစေ.”ဆိုပြီး သြဂုတ်လ(၉) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းမှာ ရှိတဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လျှက်ရှိပါတယ်။ မော်လမြိုင်၊ မုဒုံ၊ ရေး၊ မုတ္တမ၊ ပေါင်၊ သံဖြူဇရပ်၊ ဘားအံစတဲ့ မြို့တွေမှာတော့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောက်ရွက်ပေးနေရပြီး မုတ္တမမြို့ဆေးရုံက လူနာတွေကိုပါအရေးပေါ်ပြောင်းရွှေ့ထားရတာပါ။

ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေရော ပြည်သူတွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။အိန္ဒြာကျော်ဟာ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်တစ်ဦးပါ။

Photo : Amazing Grace

၁၉၉၀ ခုနှစ်နှောင်းပိုင်းကစပြီး မဂ္ဂဇင်းဓာတ်ပုံ၊ ပြက္ခဒိန်တွေနဲ့ တီဗီကြော်ငြာတွေ အမြောက်အမြားရိုက်ကူူးရင်း ပရိသတ်တွေ စတင်အားပေးမှု ရရှိခဲ့သူပါ။ ၁၉၉၈ ခုနှစ်မှာတော့ Miss Kokkine ဆု နဲ့ Miss Chirsmas ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ‘’ချစ်သော အယ်ဒီတာ’’၊ ‘’ အနှိုင်းမဲ့’’ စတဲ့ မြဝတီရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ခေါင်းဆောင်မင်းသမီးအဖြစ်အရင်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ‘’အဖြူရောင် အတ္တ’’၊ ‘’ ကျွန်တော် ကျွန်မတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးတို့ဖြစ်ပါတယ်။

Photo : Amazing Grace

အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။

Photo : Amazing Grace

အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် မိသားစုကို အချိန်ပိုပေးနေတာကို တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။ သမီးကြီးပြေသုဒြာ ကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ ခုနှစ် သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်မိသားစုလေးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က