သီချင်းအခွေအသစ်တွေ ထွက်လာတော့မယ်လို့ ဆိုပါတယ်။

G-Fatt ကတော့ သူချစ်ရတဲ့ ပရိသတ်တွေ အတွက် အခွေအသစ်တွေ ထွက်ဖို့ ပြင်ဆင်နေပြီဆိုတဲ့အကြောင်း ပြောလာပါတယ်။ 

Photo: G-Fatt



အဆိုတော် G-Fatt ကတော့ ပရိသတ်တွေ နားဆင်လို့ရအောင် သီချင်းအခွေ အသစ်ထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ COVID-19 ကာလမှာ သူ့ရဲ့သီချင်းအခွေ အသစ်တွေကို ဘယ်လို ထုတ်လို့ရမလဲ ဆိုတာကို စဉ်းစားနေတယ်လို့ သူက ပြောပါတယ်။ 

"ဒီလထဲမှာတော့ ဂျင် အခွေထဲက "ဒီနေ့" နဲ့ 120/B ထဲက "ရွာဇော်"ကို MV ရိုက်သွားမှာဖြစ်ပါတယ်။ MV တွေရိုက်ပြီး မထွက်ဖြစ်သေးတဲ့အကြောင်းကတော့ ကျွန်တော် အခွေတစ်ခွေစာ စုပြီးထုတ်ပေးချင်လို့ပါ။ ရန်ကုန်၊ မန္တလေး Live Show အခွေ ကလဲ ပြီးသလောက်ဖြစ်နေပါပြီ။ ဒါပေမယ့် ဒီအခြေအနေကြီးနဲ့ အခွေဘယ်လိုထုတ်မလဲ ဆိုတာ ကျွန်တော် သေချာစဉ်းစားနေရပါတယ်။ စဉ်းစားလို့အကြံထွက်ခဲ့ရင်လည်း ပရိတ်သတ်များ ဝိုင်းဝန်းကူညီမှူ လိုအပ်ပါတယ် ( ဝိုင်းဝန်းကူညီကြမယ်လို့လဲ ယုံကြည်ပါတယ်)။ ဒါကြောင့် ကျွန်တော့် Live Show အခွေ၊ တတိယအခွေ၊ Music Video အခွေ ၊ ဘယ်လိုပုံစံထုတ်မလဲဆိုတာ ကြေညာမယ့် ရက်တွေကို စိတ်ရှည်သည်းခံပြီး စောင့်မျှော်ပေးကြပါ ခင်ဗျာ" ဆိုပြီးတော့ ဇွန်လ ၄ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: G-Fatt

အဆိုတော် G-Fatt ကတော့ သူဝါသနာပါတဲ့ ဂီတအလုပ်တွေကို လုပ်ရင်း မိသားစု အတွက် အရာရာပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ သူဟာ မိသားစုကို အရမ်းချစ်တဲ့ သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 

‘’ လူတိုင်းအမြင်မှာတော့ အဆင်ပြေသွားတယ်လို့ထင်ပေမယ့် အရမ်းအဆင်ပြေတဲ့အနေအထားတော့ မဟုတ်ပါဘူး။ ကြိုးစား ရုန်းကန်နေရတုန်းပါပဲ။ ကျွန်တော်တို့ထက် အဆင်ပြေတဲ့ ဘဝတွေလည်း အများကြီးရှိသလို အဆင်မပြေတဲ့ ဘဝတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့လည်း တောက်လျှောက် အလုပ်တွေ လုပ်နေရမှာပါ။ ရပ်လိုက်တဲ့နေ့ ရပ်လိုက်သလို နောက်ပြန်မဆုတ်သွားချင်လို့ပါ’’ ဆိုပြီးတော့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

Photo: G-Fatt

G-Fatt ဟာ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို အမြဲတမ်း Surprise လုပ်တတ်သူတစ်ယောက်ပါ။သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ G-Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G-Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က