မကြာခင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။

မိုရီဆာကီဝင်းနဲ့ နေခြည်ဦးတို့ ရဲ့ ပထမဆုံးအကြိမ် အတူတူသရုပ်ဆောင်ရမယ့် ရုပ်ရှင်ဇာတ်ကားကြီး ကိုတော့ ‘’အိပ်မက်တွေ မိုးထားတဲ့အိမ်’’ ဆိုပြီးနာမည်ပေးထားတာဖြစ်ပါတယ်။

Photo: Amazing Grace, Wai Min Maung



မိုရီဆာကီဝင်းနဲ့ နေခြည်ဦးတို့ပါဝင်မယ့် ရုပ်ရှင်ဇာတ်ကားကိုတော့ ၁၀ လပိုင်းမှာရိုက်ကူးတော့ မယ်လို့ သိရပါတယ်။ နောက်ထပ် သရုပ်ဆောင်များစွာလည်း ပါဝင်တယ်လို့ ထုတ်လုပ်သူ ကိုဝေမင်းမောင်က ပြောပါတယ်။

‘’အိပ်မက်တွေမိုးထားတဲ့အိမ် ဇာတ်လမ်းတွဲအား ၂၀၁၉ အောက်တိုဘာလမှစတင်ပြီး ရိုက်ကူးသွားပါတော့မည်။ မိုရီဆာကီဝင်း၊ နေခြည်ဦး၊ ချမ်းမင်းရဲထွဋ်၊ အောင်လေး၊ အုပ်စိုးခန့်၊ ညီနန္ဒ ၊ ရွှေရင်အေး၊ သဲနန္ဒာစိုး ၊ မေနွယ်ထွန်း၊ ဝမ်ဝမ်း၊ ကေညီ၊ ဒါရိုက်တာ ပွင့်သီင်္ဂီဇော်၊ ဇာတ်ညွှန်း မိုးစက်ဝိုင်၊ MNTV နှင့် Myanmar Media 7 တို့မှ ပူးပေါင်းတင်ဆက်သည်’’ ဆိုပြီးတော့ 7Sense Production ရဲ့ ထုတ်လုပ်သူ ကိုဝေမင်းမောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇူလိုင်လ ၃၀ ရက်နေ့ ည ၇ နာရီခွဲက တင်ခဲ့တာဖြစ်ပါတယ်။ 

Photo: Amazing Grace, Wai Min Maung

ဒီဇာတ်ကားအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့လည်း နေခြည်ဦးက မီဒီယာအင်တာဗျူးတွေမှာ အခုလို ဖြေဆိုထားတာတွေ့ရပါတယ်။ သူမရဲ့ ကာရိုက်တာလေးကိုလည်း မိတ်ဆက်ပြောပြခဲ့ပါသေးတယ်။

‘’နေခြည်အခုကြားတာကတော့ မိုရီဆာကီဝင်းလို့ ကြားပါတယ်။ ဒါပေမယ့် နေခြည်တို့ Actor တွေ အကုန်လုံးတော့ အစည်းအဝေး မထိုင်ရသေးပါဘူး။ ဒီဇာတ်ကားထဲမှာတော့ နေခြည်က လက်လက်ထလို့ မရဘူး။ အရမ်းကြိုးစားတဲ့ကောင်မလေး တစ်ယောက်၊ ပြီးတော့ ကိစ္စတစ်ခုခုကို အာရုံစူးစိုက်မယ့် သူဆိုတော့ နှစ်ယောက်သား လက်လက်ထလို့ မရလောက်ဘူး’’ လို့ ဇူလိုင် ၂ ရက်နေ့က Media 7 နဲ့ စာချုပ် ချုပ်ဆိုပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Amazing Grace, Wai Min Maung

မိုရီဆာကီဝင်းနဲ့ နေခြည်ဦး တို့ဟာ ‘’အိပ်မက်တွေ မိုးထားတဲ့အိမ်’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပထမဆုံးတွေ့ဆုံရမယ့် အနုပညာရှင် နှစ်ယောက်ဖြစ်ပါတယ်။ မိုရီဆာကီဝင်းကတော့ မြန်မာပရိသတ်တွေသာမက ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာ ရရှိထားတဲ့ ဂျပန်နိုင်ငံက အဆိုတော်တစ်ဦးပါ။ သူဟာ မြန်မာလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ နေခြည်ဦးကိုတော့ ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က