House Surgeon တစ်ယောက် ဖြစ်ခဲ့ဖူးသူပါ။

ထူးပိုင်ဇော်ဦးဟာ လက်ရှိမှာ အောင်မြင်တဲ့ လူငယ်ဒါရိုက်တာ တစ်ဦးဖြစ်ပေမယ့် တစ်ချိန်က ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Htoo Paing Zaw Oo



ထူးပိုင်ဇော်ဦးကတော့ ဒါရိုက်တာ တစ်ယောက် မဖြစ်ခင်က ဆရာဝန် တစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ သူဟာ ကလေးအထူးကု ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့တာလို့လည်း ဆိုလာပါတယ်။ 

" အစကတော့ ကလေးအထူးကု ဆရာဝန် လုပ်ချင်တယ်ဆိုပြီး ဖြစ်ဖူးပေမယ့် တကယ် ကလေးတွေ ရောဂါနဲ့ ရင်ဆိုင်ပြီး ခံစားနေရတာတွေ မြင်ရတာလည်း ကျွန်တော့် အတွက် တော်တော် ခက်ခဲပါတယ်။ မဖြစ်ပါဘူးလေ၊ ရုပ်ရှင်ပဲ ဆက်ရိုက်ပါမယ်။ House Surgeon ဘဝကိုတော့ တော်တော် လွမ်းမိသား။ လူနာတွေ ကိုယ့်ကို ချစ်ကြတာကိုလဲ လွမ်းမိတယ်။ အဲဒီ အလုပ်သင်ဆရာဝန် တစ်နှစ်ကတော့ ဘဝ ရဲ့ အမှတ်တရ နဲ့ တန်ဖိုးရှိတဲ့ နှစ်ပါပဲ။ ဆရာဝန် လုပ်နေတဲ့ သူငယ်ချင်းတွေ ကိုလဲ အရမ်းလေးစားပါတယ်" ဆိုပြီးတော့ ဇွန်လ ၁၇ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Htoo Paing Zaw Oo

လက်ရှိမှာတော့ ထူးပိုင်ဇော်ဦးက တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ Hospital Playlist ဆိုတဲ့ ဇာတ်လမ်းတွဲ ကြည့်ရင်း သူဟာ ဆရာဝန်တစ်ယောက် ဖြစ်လာနိုင်မယ့် သူမဟုတ်မှန်း ပိုသိလာတယ်လို့ ပြောပါတယ်။ 

" Hospital Playlists ကြည့်ပြီး ဆရာဝန်ဘဝ ဟာ ကိုယ်နဲ့ တော်တော်ကို မဖြစ်နိုင်မှန်း ပိုသေချာသွားတယ်။ အရမ်း emotional ဖြစ်တတ်လွန်းတာ က တစ်ချက် ၊ လူ့ အသက် တွေ နဲ့ အလုပ်လုပ်ရတဲ့ အချိန် ရတဲ့ စိတ်ဖိစီးမှု က တစ်ချက်၊ ပြီးတော့ စာတွေ လုံးဝမကျက်နိုင်တော့တာက တကယ့် ပြဿနာ ပါ။ တစ်ခုခု အရေး‌ပေါ်ကြုံရင် လူက ပြာယာခတ်ပြီး ဘာလုပ်ရမှန်း မသိ ဖြစ်တတ်တဲ့ ကိုယ့်အကျင့် ကြောင့် ရယ် ( လူနာက အေးဆေးဆို ကိုယ်လဲ အေးဆေး ၊ လူနာ တစ်ခုခု ဖောက်လာပြီဆို ကိုယ်ပါ ရောပြီးထူပူတတ်တာ ၊ အမှန်တော့ မဖြစ်သင့်ပါဘူးလေ ) ၊ ပြီးတော့ အရမ်းခံစားလွယ်၊ သံယောဇဉ်ဖြစ်လွယ်တဲ့ ကိုယ့်ရဲ့ စိတ်ကလည်း အဲဒီက ရလာမယ့် ရိုက်ခတ်မှုတွေကို ခံနိုင်ဖို့ အရမ်းခက်တယ်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။ 

Photo: Htoo Paing Zaw Oo

ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ လက်ရှိမှာတော့ အနုပညာလောကမှာ လူငယ် ဒါရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။ သူဟာ တက်သစ်စ လူငယ်ဒါရိုက်တာတစ်ယောက် အနေနဲ့ အကောင်းဆုံးတွေ ဖန်တီးနိုင်လို့လည်း ဝါရင့်အနုပညာရှင်ကြီးတွေရဲ့ ချီးကျူးခြင်းကို ခံထားရသူတစ်ယောက်ပါ။ သူ့ကိုတော့ " ည" ရုပ်ရှင်ဇာတ်ကားကြီးက စလို့ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် " သူစိမ်းအိမ်" ရုပ်ရှင်ကားကြီး ၊ " လရဲ့အောက်ဘက် မိုင်အဝေးမှာ" ရုပ်ရှင်ကားကြီး တို့ကိုလည်း ပုံဖော်ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ အခုဆိုရင်တော့ Yangon in Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေရင်း Covid ကာလကြောင့် ခဏ ရပ်နားထားတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က