ပြေဓီရ က အသက် ၄ နှစ်ပြည့်ပြီဖြစ်ပါတယ်။

အသက် ၄ နှစ်ပြည့်သွားပြီဖြစ်တဲ့ သားငယ်လေး ပြေဓီရအတွက် ဖေဖေ ပြေတီဦးက မွေးနေ့ဆုတောင်းစကားဆိုခဲ့ပါတယ်။ အခုချိန်မှာတော့ ပြေဓီရက မေမေနဲ့အတူ လန်ဒန်ကိုရောက်ရှိနေတာပါ။

Photo: Pyay Ti Oo



သရုပ်ဆောင်ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သားငယ်လေး ပြေဓီရဟာ ၂၀၁၉ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာပဲ အသက် ၄ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ဖေဖေ ပြေတီဦးက သားလေးအတွက် မွေးနေ့ဆုတောင်းစကားဆိုထားပါတယ်။

‘’Happy Birthday PHOE DI, Miss u & Love u...’’ ဆိုပြီးတော့ ဇွန်လ ၂၇ ရက်နေ့ မနက် ၇ နာရီ မိနစ် ၂၀ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ သားငယ်လေး ပြေဓီရကို ချစ်တဲ့ ပရိသတ်တွေကလည်း ဖေဖေ ပြေတီဦးရဲ့ Post အောက်ကနေ Birthday Wish တွေ အများကြီး Comment ပေးထားတာ တွေ့ရပါတယ်။

Photo: Pyay Ti Oo

ပြေဓီရက အခုဆိုရင် မေမေ အူဝဲ၊ မမပြေသုဒ္ဒါ အပြင် နောက်ထပ်အမျိုးတွေနဲ့အတူ လန်ဒန်ကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက အသက် ၃နှစ်ပြည့် မွေးနေ့ပွဲကိုတော့ နေအိမ်မှာပဲ မိသားစုဝင်တွေနဲ့အတူ ပျော်ပျော်ပါးပါး ကျင်းပခဲ့တာပါ။ ဒီနှစ်မှာတော့ ပြေဓီရလေးတစ်ယောက် လန်ဒန်မှာ လည်ပတ်ရင်း တစ်နေ့တာကို ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။

Photo: Eaindar Kyaw Zin

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရဆိုတဲ့ ရင်သွေးလေး နှစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။ ပြေတီဦးဟာ အာဒံရယ်၊ဧဝရယ်၊ဒဿရယ် ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၀ခုနှစ်အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၂ခုနှစ်မှာ "လက်ပံ" ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၁၃ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၁၄ခုနှစ်မှာ နှလုံးသားဖြင့် ပြုလုပ်သည် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းအမျိုးသားဇာတ် ဆောင်ဆုကို ရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က