စပိန်နိုင်ငံကို အလည်ရောက်နေတာပါ။
Sabal Thwin

စိုင်းစိုင်းတစ်ယောက် တောင်ကိုရီးယားလူငယ်အဆိုတော်အဖွဲ့ဖြစ်တဲ့ Black Pink အဖွဲ့ကို အားပေးတဲ့ စပိန်လူငယ် ပရိသတ်တွေကြောင့် အံ့သြမိခဲ့ပါတယ်တဲ့။

photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် စပိန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် K-Pop လောကမှာ အောင်မြင်တဲ့ အဆိုတော်အဖွဲ့ဖြစ်တဲ့ Black Pink အဖွဲ့ရဲ့ ပရိသတ်တွေကြောင့် အံ့သြခဲ့ရတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

‘’ဘုရားရေ !! စပိန်လူငယ်တွေဒီလောက်အများကြီး တန်းစီနေတာ တန်းက အရှည်ကြီးပဲ နေ့လယ်ကတည်းကတဲ့ ဘာအတွက်လဲလည်းလို့ စပ်စုကြည့်တာ Black Pink Concert တဲ့ဗျား။ #SaiAroundtheWorld’’ ဆိုပြီးတော့ မေလ ၂၈ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Plack Pink

အဲဒီနောက် စိုင်းစိုင်းခမ်းလှိုင်ဟာ ဘာစီလိုနာကိုလည်း အလည်အပတ်ရောက်ရှိခဲ့တာ တွေ့ရပါတယ်။ သူဟာ မေလ ၂၅ ရက်နေ့က မန္တလေးမြို့မှာရှိတဲ့ မန္တလာသီရိ ကွင်းကြီးထဲမှာ Sai Sai Mandalay Show ပွဲကို အောင်အောင်မြင်မြင်ကျင်းပပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြည်ပ ခရီးစဉ်ကိုတော့ မေလ ၂၇ ရက်နေ့က ထွက်ရှိခဲ့တာပါ။ ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ အသက် ၄၀ပြည့် မွေးနေ့ အမှတ်တရ ဖျော်ဖြေပွဲကိုလည်း ခမ်းခမ်းနားနားပြုလုပ်ခဲ့တာဖြစ်ပါတယ်။


Photo: Sai Sai

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။ 


က္က