တိမ်တိုက်တံတား ရုပ်ရှင်ကားကြီးနဲ့ ရရှိသွားပါပြ့ီ။

Best Actor In A Leading Role Award ဆုကို တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီနေတိုးက ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာတော့ Best  Actor In A Leading Role Award ဆုကို နေတိုးက ‘’တိမ်တိုက်တံတား’’ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဆုရရှိခဲ့ပါတယ်။ ဒီဆုကိုတော့ ထုတ်လုပ်သူ ကိုရွှေမန်း  က ဆုလက်ခံရယူခဲ့ပါတယ်။ ဒီကားထဲမှာ သရုပ်ဆောင် နေတိုး၊ ထွန်းထွန်း၊ ခင်ဝင့်ဝါနဲ့ ငုရင်ထရန်ဟုရန်မေ တို့က အဓိက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။



Star Awards ဆုပေးပွဲမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက် ဆု(၁၅)ဆု၊ ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ဆု (၅) ဆု ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ Fashion ဆု ၃ ဆု တို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆု ရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့အတူ ဆုကြေးငွေ သိန်း(၅၀) စီ၊ ရုပ်သံဇာတ်လမ်းတွဲ ဆုရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့ သိန်း (၃၀) စီ၊ ဖက်ရှင်ဆုရရှိသူများကို ရွှေ ၂ ကျပ်သားရှိတဲ့ ရွှေရင်ထိုးတို့ကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်တဲ့ Star

Awards ဆုပေးပွဲကြီးကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Even

Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က