စိုင်းပရိသတ်တွေအတွက် သတင်းကောင်းပါပဲ။

စိုင်းစိုင်းခမ်းလှိုင်က ဒီနှစ်အတွက် Birthday Show လုပ်ဖို့ ပြင်ဆင်နေပါပြီ။ Birthday Show မလုပ်ခင် ပရိသတ်တွေနဲ့ Birthday show ပြောကြမယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ တိုင်ပင်ဆွေးနွေးနေတာ တွေ့ရပါတယ်။ ပွဲနဲ့ပတ်သက်ပြီး မတ်လ(၁၀) ရက်နေ့မှာ အသေးစိတ် ပြောပြမယ်တဲ့။

Photo ; စိုင်းစိုင်း

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ၂၀၁၉ ခုနှစ် ဧပြီမှာကျရောက်မယ့် သူ့ရဲ့ မွေးနေ့မှာ Birthday Show လုပ်ဖို့ ပြင်ဆင်နေပါပြီ။ မွေးနေ့မှာ နှစ်စဉ်နှစ်တိုင်း သီချင်းဆိုပြီး ပရိသတ်တွေနဲ့ အတူ ဖြတ်သန်းဖြစ်တဲ့ စိုင်းစိုင်းဟာ ဒီနှစ်မွေးနေ့မှာလည်း အရင်နှစ်တွေကနဲ့ မတူ ကွဲပြားခြားနားအောင် လုပ်သွားဖို့ အတွက် ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။ မွေးနေ့ပွဲအတွက် ပရိသတ်တွေနဲ့လည်း တိုင်ပင်နေတာ တွေ့ရပါတယ်။

ပြီးခဲ့သောဇာတ်လမ်းအကျဉ်းတုန်းက ထိုင်ခုံနဲ့ပွဲလုပ်တာ အဆင်ပြေ အောင်မြင်ခဲ့ပါတယ် ။အခု ဒီနှစ် ၁၅ ကြိမ်မြောက် မွေးနေ့ပွဲကိုရော ဘယ်လို ဖြစ်စေချင်ပါသလဲ။ ကျွန်တော့် မိတ်ဆွေတွေဟာ ကျနော်နဲ့အတူ ကြီးပြင်းလာကြပြီးတော့ အေးဆေးထိုင်ကြည့်ချင်တဲ့သူတွေလည်းရှိလိမ့်မယ် ဒါမှမဟုတ်ကျွန်တော့်လိုပဲ ခုန်ပေါက်သောင်းကျန်းချင်နေတုန်းပဲလည်း ဖြစ်နိုင်ပါတယ်။လူငယ်ပရိသတ်များရော ဘာပြောချင်ပါသလဲ အများစုရဲ့ဆန္ဒနဲ့ အကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားနေလို့ပါ” ဆိုပြီး ပရိသတ်တွေ ဖြစ်စေချင်တဲ့ ဆန္ဒလေးကို သူ့ရဲ့ ဖေ့စ်ဘွတ်ကနေမတ်လ(၂) ရက်နေ့က မေးထားတာပါ။

Photo ; စိုင်းစိုင်း

ပရိသတ်တွေလည်း ပွဲပြင်ဆင်မှုနဲ့ ပတ်သက်ပြီး အကြံပေးထားကြတာလည်း တွေ့ရပါတယ်။ Birthday Show နဲ့ ပတ်သက်ပြီး အသေးစိတ် အစီအစဉ်တွေကိုလည်း ပွဲမတိုင်ခင် မတ်လ(၁၀) ရက်နေ့မှာ ပြောပြပေးသွားမှာ ဖြစ်တယ်လို့ စိုင်းစိုင်းက ဆိုပါတယ်။ စိုင်းစိုင်းရဲ့ Birthday Show ကိုတော့ ပရိသတ်တွေ ရင်ခုန်စွာ စောင့်မျှော်နေကြပါပြီ။

စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိပ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီမှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ ခုနှစ်မှာ Sai Sai Birthday ၊ ၂၀၀၉ ခုနှစ်မှာ အဲဗားဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကြဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း သီဆိုထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo ; စိုင်းစိုင်း

သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ်ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်း ဦးဆောင်သူတစ်ဦးဖြစ်ပြီး SAI Cosmetix ရဲ့ ထုတ်လုပ်သူလည်းဖြစ်ပါတယ်။

Photo ; စိုင်းစိုင်း

စိုင်းစိုင်းပါဝင်ထားတဲ့ "ကြာတော့သည်လည်းမောင့်စကား"ရုပ်ရှင်ဇာတ်ကား ကြီးကလည်း လက်ရှိမှာ ရုံတင်ပြသလျက်ရှိပြီး ပရိသတ်အားပေးမှု ရရှိနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ယင်းဇာတ်ကားဟာ ဆရာမဂျူးရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးတာဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဖွေးဖွေးတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။



က္က