ကိုယ်ဝန်က ၂၇ ပတ်ရှိပါပြီ။

စန္ဒီမြင့်လွင်ရဲ့ကိုယ်ဝန်ဟာ အခုဆိုရင် ၂၇ ပတ်ရှိပြီဖြစ်ပါတယ်။ သူမနဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်တို့ရဲ့ အိမ်ထောင်ရေးက တစ်နှစ်ကျော်ကြာပြီဖြစ်ပါတယ်။

Photo: Sandy Myint Lwin



စန္ဒီမြင့်လွင်က ဗိုက်ထဲက သမီးလေးကို မြင်ချင်လွန်းလိ့ု စိတ်လှုပ်ရှားနေတာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ ကိုယ်ဝန်ဟာ ၂၇ ပတ်ရှိပြီလို့ သိရပါတယ်။

‘’ 27 week , Mom to be baby treasure’’ ( မေမေ့ရဲ့ ရတနာလေး၂၇ ပတ်ရှိပြီ)ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ် Story မှာ ဧပြီလ ၂၈ ရက်နေ့ ည က ရေးသားခဲ့တာ တွေ့ရပါတယ်။ စန္ဒီမြင့်လွင်ရဲ့ ပထမဆုံးရင်သွေးလေး ကတော့ သူမ အရမ်းလိုချင်နေတဲ့ သမီးလေးပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက် သမီးလေးကို လွယ်ထားရတဲ့ ဗိုက်လေးကို တယုတယ ကိုင်ကြည့်နေတဲ့ ဓာတ်ပုံလေးတွေ တင်ထားပါသေးတယ်။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၂ လကျော်ခဲ့ပါပြီ။ လက်ရှိမှာတော့ စန္ဒီမြင့်လွင်က ပထမဦးဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပါတယ်။

စန္ဒီမြင့်လွင်က သမီးလေးကို ပန်းလှိုင်ဆေးရုံနဲ့ Grand Hanthar ဆေးရုံ နှစ်ခုထဲက တစ်ခုမှာ မွေးမယ်လို့ဆိုပါတယ်။ သူမရဲ့ ရင်သွေးလေးကို သမီးလေး လို့ သိလိုက်ရတဲ့အချိန်မှာလည်း မျက်ရည်ကျရတဲ့အထိ အရမ်းပျော်ပြီး ငိုခဲ့ရတာကလည်း စန္ဒီမြင့်လွင်ဖြစ်ပါတယ်။


Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး စန္ဒီမြင့်လွင်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ လက်ရှိမှာလည်း ညီအစ်မတွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင် တို့နဲ့အတူ စန္ဒီမြင့်လွင်က ‘’မင်းသမီး ပိုးထည်တိုက်’’ ဆိုတဲ့ ပိုးထည်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က