သဲကိုလည်း အများကြီး ချစ်နိုင်ပါစေတဲ့။

စန္ဒီမြင့်လွင်က ဗိုက်ထဲက သမီးလေးနဲ့အတူ ခင်ပွန်းဖြစ်သူအတွက် မွေးနေ့ ဆုတောင်းစကားဆိုခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းက အခုဆိုရင် တစ်နှစ်ကျော်ခဲ့ပါပြီ။

Photo: Sandy Myint Lwin



စန္ဒီမြင့်လွင်က ဧပြီလ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

‘’ Happy birthday ကို လုပ်သမျှအလုပ်တွေအားလုံ းအဆင်ပြေချောမွေ့လိုရာခရီးရောက်ပါစေ။ ဗိုက်ထဲကသမီးလေးနဲ့တူတူ wish လိုက်တယ်။ သဲနဲ့သမီးလေးကိုလဲဒီ့ထက်အများကြီးပိုချစ်နိုင်ပါစေလို့’’ ဆိုပြီးတော့ ဧပြီလ ၂၈ ရက်နေ့ မနက် ၃ နာရီ ၂၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ခင်ပွန်းဖြစ်သူနဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။ 

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၂ လကျော်ခဲ့ပါပြီ။ လက်ရှိမှာတော့ စန္ဒီမြင့်လွင်က ပထမဦးဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ပါတယ်။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်က သမီးလေးကို ပန်းလှိုင်ဆေးရုံနဲ့ Grand Hanthar ဆေးရုံ နှစ်ခုထဲက တစ်ခုမှာ မွေးမယ်လို့ဆိုပါတယ်။ သူမရဲ့ ရင်သွေးလေးကို သမီးလေး လို့ သိလိုက်ရတဲ့အချိန်မှာလည်း မျက်ရည်ကျရတဲ့အထိ အရမ်းပျော်ပြီး ငိုခဲ့ရတာကလည်း စန္ဒီမြင့်လွင်ဖြစ်ပါတယ်။ ဒီသမီးလေးကိုတော့ သူ အရမ်းလိုချင်ခဲ့တာပါလို့လည်း မီဒီယာ အင်တာဗျူးတွေမှာဖြေဆိုခဲ့ဖူးပါတယ်။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး စန္ဒီမြင့်လွင်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ လက်ရှိမှာလည်း ညီအစ်မတွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင် တို့နဲ့အတူ စန္ဒီမြင့်လွင်က ‘’မင်းသမီး ပိုးထည်တိုက်’’ ဆိုတဲ့ ပိုးထည်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က