ရန်ကုန်ကလေးဆေးရုံကြီးမှာ အလှူလုပ်ခဲ့တာပါ။

ဒေါင်းက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရအဖြစ် ရန်ကုန် ကလေးဆေးရုံကြီးမှာ အလှူအတန်းတွေ လုပ်ခဲ့ပါတယ်။ ဒီအလှူမှာ သူ့ရဲ့ We Love လေးတွေလည်း ပါဝင်ခဲ့ကြပါတယ်။

Photo: We Love Daung-ဒေါင်း

သရုပ်ဆောင် ဒေါင်းက ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းက ရန်ကုန် ကလေးဆေးရုံကြီးမှာ အလှူလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီအလှူဟာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရအဖြစ် ပြုလုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒေါင်းနဲ့ အတူ We Love Daung - ဒေါင်း အဖွဲ့သားတွေဟာ လူနာအယောက် (၅၀၀) စာအတွက် ထမင်း၊ ကြက်သားဆီပြန်၊ ငါးဗူးသီး၊ ဂျူးမြစ်ချဉ်ဟင်း၊ ငပိရည်၊ တို့စရာ တို့ကို တစ်ရက်စာ အာဟာရအလှူရှင်အဖြစ် ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ ‘’We Love Daung-ဒေါင်း’’ Group မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: We Love Daung-ဒေါင်း

သရုပ်ဆောင်ဒေါင်းဟာ လက်ရှိ အနုပညာလောကမှာ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ အခုဆိုရင် သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’လိပ်ပြာစံအိမ်’’ ရုပ်ရှင်ဇာတ်ကားကြီးကလည်း အောင်မြင်မှုတွေရရှိနေပါတယ်။ ဒီဇာတ်ကားကို ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး ရုံတင်ခဲ့တာပါ။ ဒီဇာတ်ကားမှာတော့ ဒေါင်းနဲ့အတူ ဝတ်မှုန်ရွှေရည်က ပါဝင်သရုပ်ဆောင်ထားတာပါ။

Photo: We Love Daung-ဒေါင်း

မိန်းကလေး ပရိသတ်အများစုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဒေါင်းက အခုဆိုရင် အနုပညာအလုပ်တွေ အဆက်မပြတ် လုပ်ကိုင်လာရပါပြီ။ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေသလို ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးလျှက်ရှိပါတယ်။ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ ‘’လရဲ့ အောက်ဘက် မိုင်အဝေးမှာ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အိန္ဒြာကျော်ဇင်နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။



က္က