မနက်ဖြန်ဆိုရင် ဖွေးဖွေးက အသက် ၃၁ နှစ်ပြည့်ပါပြီ။

ဖွေး ကတော့ သူ့ရဲ့ မွေးနေ့အလှူလေးကို ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ စတုဒီသာကျွေးရင်း ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံသွားမယ်လို့ဆိုပါတယ်။ ဒီအလှူအတွက် သူမကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားတာဖြစ်ပါတယ်။

Photo: Phway Phway



ဖွေးဖွေးကတော့ သြဂုတ်လ ၉ ရက်နေ့ဆိုရင် အသက် ၃၁ နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ကိုတော့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ စတုဒီသာအလှူလုပ်သွားမယ်လို့ ဆိုပါတယ်။

‘’Tomorrow 9th August, 2019 My Birthday, ဗိုလ်တထောင်ဆိပ်ကမ်းမှာ အိမ်ချက်စေတနာအပြည့် ဘဲဥသီးစုံပဲကုလားဟင်း စတုဒီသာ အတွက် ဒီနေ့ထဲကအိမ်မှာလာကူနေကြတဲ့ Fan အချစ်ထက်ပိုတဲ့ အချစ်များ & Thx to my supportive family, Me still on my way back to yangon from Maw La Myaing’’ ဆိုပြီးတော့ သြဂုတ်လ ၈ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာရေးသားခဲ့ပါတယ်။

Photo: Phway Phway

ဖွေးဖွေးက မွေးနေ့အလှူလေးလုပ်ဖို့အတွက် သြဂုတ်လ ၆ ရက်နေ့ကတည်းက စာရင်းတွေလုပ်ရင်း ဟင်းချက်စရာတွေနဲ့ လိုအပ်တာတွေကို ဝယ်ခဲ့တာဖြစ်ပါတယ်။

“မွေးနေ့မှာ ဖွေးတို့ အိမ်ကချက်တဲ့ သီးစုံပဲကုလားဟင်း စတုဒီသာကျွေးမို့စာရင်းပြုစုနေစဉ်ရှလွတ်” ဆိုပြီး သြဂုတ်(၄) ရက်နေ့က ပြောထားပါတယ်။ သီးစုံပဲကုလားဟင်းထဲမှာ ဘာတွေထည့်မလဲ ဆိုတာကို သူမကိုယ်တိုင် စာရင်းပြုစုနေတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူမချက်မယ့် ဟင်းကို စားချင်နေကြပါတယ်။

Photo: Phway Phway

ဖွေးဖွေးက လက်ရှိမှာ Golden Hour Production ထုတ်လုပ်ရေးနဲ့ အတူ ရုပ်ရှင်ဇာတ်ကား ပြန်ရိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ အဲဒီ ဇာတ်ကားလေးက ပရိသတ်တွေ အတွက် ကလိကလိ ဖြစ်စေမယ့် အချစ်ကားလေး တစ်ကားဖြစ်တယ်လို့ အင်တာဗျူးတွေ မှာ ဖြေဆိုခဲ့ပါသေးတယ်။

“ဖွေးဒါရိုက်တာ အောင်မြတ်နဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ ပြင်ဆင်တော့မှာပါ။ Love Equation ဆိုတဲ့ ဇာတ်ကားလေးပါ။ ပရိသတ်တွေ အရမ်း ကြိုက်မယ့် ဇာတ်ကားလေး ဖြစ်မှာပါ။ ဖွေးကိုယ်တိုင်လည်း အရမ်းကြိုက်တယ်။ ဖွေးပရိသတ်တွေလည်း ကြိုက်နှစ်သက်မယ်ထင်လို့ လက်ခံဖြစ်ခဲ့တာပါ” လို့ ဖွေးဖွေးက ဇွန်လ(၃၀) ရက်နေ့က ပြုလုပ်တဲ့ Hearty& Heart ပွဲမှာ ပြောပြခဲ့တာပါ။ အဲဒီ ဇာတ်ကားမှာတော့ ဒေါင်း၊ခါရာ၊မိုးဟေကိုနဲ့ ဖွေးဖွေးတို့ ပါဝင်မှာ ဖြစ်ပါတယ်။

Photo: Phway Phway

ဖွေးဖွေး(Phway Phway)ဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က