''ပုရိသ''ရုပ်ရှင်ကားကို ပျော်ပျော်ကြီး အားပေးလို့ရပါပြီ။

နေခြည်ဦးက သူမရဲ့ Chillies လေးတွေ ‘’ပုရိသ’’ရုပ်ရှင်ကားကြီးကို ပျော်ပျော်ပါးပါးကြည့်ခွ င့်ရဖို့အတွက် ရန်ကုန်နဲ့ မန္တလေးမြို့ နှစ်မြို့မှာ ရုပ်ရှင်ရုံ ငှားပေးလိုက်တယ်လို့ သိရပါတယ်။

Photo: Amazing Grace



နေခြည်ဦးက သူမပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ပုရိသ’’ရုပ်ရှင်ကားကြီးကို ပရိသတ်လေးတွေ ကြည့်ခွင့်ရဖို့အတွက် ရုပ်ရှင်ရုံ ၂ ရုံ ငှားပေးလိုက်ပါတယ်တဲ့။

‘’ကျွန်မ chillies တွေအတွက် တစ်ရုံ မဟုတ်ဘူး။ နှစ်ရုံ ဌားပေးပလိုက်တယ်ကွာ။ ပင်ပမ်းနေကြတဲ့ နေ့စဉ်နေ့တိုင်း တာဝန်တွေကြားက ဘဝအမောလေးတွေ ခဏပြေဖို့ "ပုရိသ" ရုပ်ရှင် သွားကြည့်ကြ ရအောင်။ #ပုရိသ #ပုရိသရုပ်ရှင် #နေခြည်ဦးပုရိသ’’ ဆိုပြီးတော့ သြဂုတ်လ ၃ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဒီရုပ်ရှင်ရုံတွေကိုတော့ ရန်ကုန်မှာရှိတဲ့ Junction City က JCGV ရုပ်ရှင်ရုံနဲ့ JCGV Mandalay ရုပ်ရှင်ရုံတို့ကို ငှားခဲ့တာဖြစ်ပါတယ်။

Photo: Nay Chi Oo

ပုရိသ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ တိုင်ရွန်၊ ထက်အောင်ရှိုင်း၊ချမ်းမင်းရဲထွဋ်၊ ကျော်ရဲအောင်၊ ရဲအောင်၊ ခိုင်သင်းကြည်နဲ့ နေခြည်ဦး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ‘’ပုရိသ’’ရုပ်ရှင်ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး သြဂုတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ 

Photo: Nay Chi Oo

‘’ပုရိသ’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ခိုင်သင်းကြည်နဲ့ အပြိုင် ရန်ဖြစ်ခဲ့ရတဲ့ နေခြည်ဦးကလည်း အမှတ်တရလေး တွေကို မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။ 

‘’ အစပိုင်းတုန်းကတော့ မခိုင်လေးကို ရှိန်နေတာမျိုးရှိတယ်။ နောက်ပိုင်းကျတော့ မခိုင်လေးက ဘယ်လိုလုပ်ပေးသလဲဆိုတော့ နေခြည်နည်းနည်းလျော့လို့ရှိရင် သူက ဆွဲတင်ပေးတယ်။ နေခြည်က အရမ်းကန်ပြီး အရမ်းပြင်းလို့ရှိရင်လည်း သူကလျှော့ပေးတယ်။ တိုက်ထားစရာမလိုဘူး ရိုက်နေရင်းနဲ့ အပေးအယူမျှတယ်။ ကိုယ်တိုင်ကလည်း မခိုင်လေးကို ယုံကြည်တဲ့အတွက် နှစ်ယောက်စလုံးက ကာရိုက်တာညီတယ်လို့ ပြောလို့ရပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Nay Chi Oo

နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို နေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။

သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က