(၂)ကြိမ်ဆက်တိုက် Negative ဖြစ်နေခဲ့တာပါ။
Sabal Thwin

လူနာနံပါတ် ၄၆ ဟာ အဆိုတော် မျိုးကြီးဖြစ်ပြီး COVID-19 ရောဂါပိုး စစ်ဆေးရာမှာ နှစ်ကြိမ်ဆက်တိုက် Negative ပြနေခဲ့တာဖြစ်လို့ ရောဂါကင်းစင်သူစာရင်းထဲ ပါဝင်လာတာပါ။

Photo: Myo Gyi

ဒီနေ့ည(မေလ၇က်) COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေး နဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းအရ COVID-19 ရောဂါပိုး မတွေ့ရှိသူ(၁၂) ဦးထဲမှာ အဆိုတော် မျိုးကြီးလည်း ပါဝင်လာတာ တွေ့ရပါတယ်။

"မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၇၆) ဦးရှိပြီဖြစ်ပါသည်။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁၂) ဦး (Case- 26, 46, 62, 63, 66, 69 , 72, 79, 84, 118, 120, 132) ရှိသဖြင့် (၇-၅-၂၀၂၀) ရက်နေ့အထိ ပိုးကင်းစင်လာသူ စုစုပေါင်း (၆၂) ဦးရှိပါသည်” ဆိုပြီး သတင်းထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။

အဆိုတော်မျိုးကြီးဟာ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တာက Covid -19 ရောဂါပိုးကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ ရောဂါကူးစက် ခံနေရတဲ့အချိန်မှာ ပရိသတ်တွေအားလုံး စိတ်ကောင်းဖြစ်နေခဲ့ရပြီး အမြန်ဆုံး နေပြန်ကောင်းဖို့ကိုလည်း ဆုတောင်းပေးနေကြပါတယ်။ ယခုလက်ရှိမြန်မာနိုင်ငံမှာ Covid -19 ရောဂါပိုး ကူးစက်ခံရသူ ၁၇၆ ဦး ရှိခဲ့ပြီး ရောဂါကင်းစင်လာသူ (၆၂)ဦးနဲ့ သေဆုံးလူနာ (၆)ဦးတိတိ ရှိလို့နေခဲ့ပါပြီ။



ဆက်စပ်အကြောင်းအရာများ


က္က