လှည်းကူးမြို့နယ်မှာရှိတဲ့ ဆေးရုံနဲ့ Quarantine Center မှာ လှူခဲ့တာပါ။

နီနီခင်ဇော်ကတော့ Stay @ Home & Sing with me အစီအစဉ်က ရရှိလာတဲ့ အနုပညာကြေးတွေနဲ့ အလှူအတန်းတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

Photo: Ni NI Khin Zaw



နီနီခင်ဇော်ကတော့ COVID-19 ကာလမှာ လှည်းကူးမြို့နယ်ရှိ ပြည်သူ့ဆေးရုံနဲ့ Quarantine Center တွေကို ကာကွယ်ရေး ဆေးပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

"ဒီနေ့ Sing with me live programme( Tay) နဲ့အတူတူ လှည်းကူး ပြည်သူ့ဆေးရုံနဲ့ လှည်းကူးမြို့မှာထားရှိတဲ့ Quarantine Center တွေမှာ လိုအပ်တဲ့ PPE , Surgical gown တွေနဲ့ ဆေးဝါးတစ်ချို့ကို လှူဒါန်းခဲ့ပါတယ်ရှင့် ။ please be safe , healthy and happy" ဆိုပြီးတော့ ဇွန်လ ၄ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Ni NI Khin Zaw

ဒီအလှူကတော့ Stay @ Home & Sing with me အစီအစဉ်ကနေ ရရှိလာတဲ့အနုပညာကြေးတွေထဲက လှူဒါန်းသွားမှာဖြစ်တယ်လို့ မေလ (၂၅) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးခဲ့တာဖြစ်ပါတယ်။ နီနီခင်ဇော်ဟာ သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေ အနေနဲ့ Stay Home ကာလမှာ အပျင်းပြေဖို့အတွက် အွန်လိုင်းကနေတဆင့် ဂီတဖျော်ဖြေပွဲလေးတစ်ခု လုပ်နေတာ တွေ့ရပါတယ်။ မေလ(၂၄) ရက်နေ့က စလို့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း (၄) ပတ်တိတိ ပြုလုပ်နေတာ ဖြစ်လို့ ဇွန်လ (၇) ရက်နေ့မှာလည်း Premiere Live အနေနဲ့ထပ်မံ တင်ဆက်သွားမယ်လို့ သိရပါတယ်။ 

Photo: Ni NI Khin Zaw

နီနီခင်ဇော်ဟာ သီချင်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တဲ့အဆိုတော် တစ်ဦးဖြစ်သလို ‘’ဂယ်ဘဲ ဂယ်ဘဲ’’၊ ‘’Super Red’’ ၊ ‘’U’’ စတဲ့ အခွေတွေ ထွက်ရှိပြီးခဲ့သလို အောင်မြင်မှုတွေလည်း ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ပါ။ နီနီခင်ဇော်က Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာလည်း Single Song တွေ အပြင် Group Song တွေကိုပါ သီဆို ဖျော်ဖြေနေတာ တွေ့ရပါတယ်။ သူမကတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က