ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ အလှူရှင်တွေ စုပေါင်းပြီး လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့ ကျန်းမာရေး၊ပညာရေးတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းအနေနဲ့ Covid – 19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် သိန်း(၁၀၀) မတည်ကာ လှူဒါန်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

 

Photo : ချစ်သုဝေ



ချစ်သုဝေတို့ မိသားစု တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းက Covid – 19 ရောဂါကာကွယ်ထိန်းချုပ် နိုင်ဖို့အတွက် ငွေကျပ် သိန်း(၁၀၀) မတည်ကာ အလှူရှင်များနဲ့ စုပေါင်းပြီး လှူဒါန်းမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

“လက်ရှိတွင် ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွား ကူးစက်နေသော ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအား မြန်မာနိုင်ငံတွင်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် မိမိတို့ ခေတ်သစ်ဖောင်ဒေးရှင်းမှ သိန်း (၁၀၀) ကျပ်မတည်ကာ (၇) ရက်သားသမီးများနှင့်စုပေါင်းကာ လိုအပ်သည့်နေရာများအား ထိရောက်စွာလှူဒါန်းပေးသွားမည်ဖြစ်ပါတယ်” ဆိုပြီး ချစ်သုဝေရဲ့ ဖေ့စ်ဘွတ်မှာ ဒီနေ့(မတ်လ၁၉ရက်)က ပြောထားတာ တွေ့ရပါတယ်။

Photo : ချစ်သုဝေ

 ခေတ်သစ်ဖောင်ဒေးရှင်းက သိန်း(၁၀၀) မတည်ထားပြီး နောက်ထပ် အလှူရှင်များ ပါဝင်ဖို့အတွက်ကို စေတနာရှင်များကို ဖိတ်ခေါ်ထားပါသေးတယ်။

“လှူဒါန်းလိုသူများအတွက် လှူဒါန်းနိုင်မည့် ဘဏ်အကောင့်အား ပူးတွဲဖော်ပြအပ်ပါတယ်။အဆိုပါ ဘဏ်အကောင့်သည် ဖောင်ဒေးရှင်းနာမည်ဖြင့်ထားရှိပြီး ဖောင်ဒေးရှင်း၏ အမှုဆောင် (၃) ဦးမှ ပူးတွဲဖွင့်လှစ် ထားခြင်းဖြစ်ပြီး (၂) ဦးအတည်ပြုမှသာ ငွေထုတ်ယူနိုင်သည့်စနစ်ကို အသုံးပြုထားခြင်းဖြစ်ပါသည်” ဆိုပြီး ဆက်လက်ရေးသားထားပါတယ်။

အလှူရှင်တွေ လှူဒါန်းထားတဲ့ငွေများကိုလည်း တစ်ပြားတစ်ချပ်မှ အလေအလွင့်မရှိစေဘဲ အကျိုးရှိရှိ ထိရောက်စွာအသုံးပြုသွားမယ်ဆိုပြီး ကတိပြုထားပါသေးတယ်။

Photo : ချစ်သုဝေ

‘’ခေတ်သစ်ဖောင်ဒေးရှင်း’’ ကို ၂၀၁၉ခုနှစ်၊ဇန်နဝါရီ(၁၉) ရက်နေ့က ခေတ်နဲ့သစ်တို့ရဲ့ အသက်(၂)နှစ်ပြည့် မွေးနေ့လေးကစလို့ဖောင်ဒေးရှင်းကို စတင် တည်ထောင်ဖွဲ့စည်းခဲ့တာပါ။ “ခေတ်သစ်”ဖောင်ဒေးရှင်းကို (၁၄)နှစ်တာ ကာလသတ်မှတ်ထားပြီး အဆင့်(၇)ခု ခွဲကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအဆင့်မှာ ကလေးသူငယ်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာအသက်(၅)နှစ်အောက် ကလေးများ အမှန်တကယ်ခွဲ စိတ်စရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က