ဒီရောဂါအတွက် ခေတ်သစ်ဖောင်ဒေးရှင်းက သိန်း ၁၀၀ မတည်ထားတယ်လို့ သိရပါတယ်။

အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့က COVID-19 ကာကွယ်ဖို့အတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

Photo: chit thu wai



အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ ရန်ကုန်ဆေးရုံကြီးနဲ့ ဝေဘာဂီဆေးရုံတို့မှာ COVID-19 ကာကွယ်ရေးအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

"သမီး Tereza ဒေါက်တာChit Thu Wai နှင့် သား ကိုလင်း Htwe Lynn Ko တို့ရဲ့ ခေတ်သစ် ဖောင်ဒေးရှင်းမှ လက်ရှိကြုံတွေ့နေရသည့် COVID -19 အတွက် Front Liner ကျန်းမာရေးဝနိထမ်းများအတွက် မဖြစ်မနေလိုအပ်သည့် PPE အစုံ (၁၀၀) တန်ဖိုးငွေ(၄၅) သိန်းအား ရန်ကုန်ဆေးရုံကြီးသို့ အစုံ(၄၀) ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ အစုံ(၆၀) သွားရောက်လှူဒါန်းခဲ့ပ့ါသည်။ PPE ကို အသုံးပြုမည့် သူများအမှန်တကယ်အန္တရာယ် ကာကွယ်နိုင်ရန် quality ကောင်းသည့် PPE များလှူကြ ရန်အရေးကြီးကြောင်းလည်းသိစေအပ်ပါသည်" ဆိုပြီးတော့ မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က လင်းလင်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: chit thu wai

မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ နာမည်နဲ့ တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကနေပြီးတော့ Covid – 19 ရောဂါကာကွယ်ထိန်းချုပ် နိုင်ဖို့အတွက် ငွေကျပ် သိန်း(၁၀၀) မတည်ကာ အလှူရှင်များနဲ့ စုပေါင်းပြီး လိုအပ်တဲ့နေရာတွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။ နောက်ထပ် အလှူရှင်များအနေနဲ့ ထပ်မံ လှူဒါန်းလိုပါက ခေတ်သစ်ဖောင်ဒေးရှင်း နာမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်တွေကိုသာ လွှဲပေးစေချင်တယ်လို့ လည်း ချစ်သုဝေက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

Photo: chit thu wai

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွားတဲ့ လူဦးရေတွေက အများကြီးရှိလို့နေပါပြီ။နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော်များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။

Photo: chit thu wai

‘’ခေတ်သစ်ဖောင်ဒေးရှင်း’’ ကို ၂၀၁၉ခုနှစ်၊ဇန်နဝါရီ(၁၉) ရက်နေ့က ခေတ်နဲ့သစ်တို့ရဲ့ အသက်(၂)နှစ်ပြည့် မွေးနေ့လေးကစလို့ဖောင်ဒေးရှင်းကို စတင် တည်ထောင်ဖွဲ့စည်းခဲ့တာပါ။ “ခေတ်သစ်”ဖောင်ဒေးရှင်းကို (၁၄) နှစ်တာ ကာလသတ်မှတ်ထားပြီး အဆင့်(၇)ခု ခွဲကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအဆင့်မှာ ကလေးသူငယ်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာအသက်(၅) နှစ်အောက် ကလေးများ အမှန်တကယ်ခွဲစိတ်စာရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။



Share

Loading Next Article...
က္က