“I Do Nation” ရန်ပုံငွေအစီအစဉ်မှာ ပါဝင်ကြပါလို့ ဆိုပါတယ်။

အေးမြတ်သူကတော့ ဈေးသည်ပေါင်း(၇၀၀၀) ကျော်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် "I Do Nation" အစီအစဉ်မှာ Covid-19 ကာကွယ်ရေး ပစ္စည်းတွေ လှူဒါန်းကြဖို့တိုက်တွန်းလာခဲ့ပါတယ်။ 

Photo: We Love Yangon



အေးမြတ်သူဟာ  COVID-19 ကာလမှာ မဖြစ်မနေ ဈေးရောင်းနေရတဲ့ ဈေးသည် (၇၀၀၀) ကျော်အတွက် Covid-19 ကူးစက်ရောဂါ ကာကွယ်ရေးပစ္စည်းတွေ လှူဒါန်းပေးသွားမယ့်“I Do Nation” ရန်ပုံငွေအစီအစဉ်မှာ အလှူငွေထည့်ဝင်လှူဒါန်းပေးကြဖို့ တိုက်တွန်းလာခဲ့ပါတယ်။ 

" မြတ်လေးတို့ အိမ်ထဲမှာ သက်တောင့်သက်သာနဲ့နေပြီးတော့ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုဝင်တွေကို ရောဂါမဖြစ်အောင် ကာကွယ်နေတဲ့ အချိန်မှာ ခေါင်းရွက်၊ ဗျက်ထိုးဈေးသည်ပေါင်း ၇၀,၀၀၀ ကျော်ကတော့ ခုလက်ရှိအချိန်မှာ စားဝတ်နေရေးအခက်အခဲရင်ဆိုင်နေရပါတယ်။အဲဒီ ခေါင်းရွက်၊ ဗျက်ထိုးဈေးသည်တွေအတွက် ငွေကြေးနဲ့ PPE (တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးပစ္စည်းများ) လို ကျန်းမာရေး အထောက်အပံ့တွေပေးအပ်နေတဲ့ “I Do Nation” ရန်ပုံငွေအစီအစဉ်မှာ အလှူငွေထည့်ဝင်လှူဒါန်းကြပါလို့ အားလုံးကို မြတ်လေးက တိုက်တွန်းနှိုးဆော်ချင်ပါတယ်ရှင်" ဆိုပြီးတော့ မေလ(၁၆) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ 

Photo: We Love Yangon

အေးမြတ်သူဟာ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ နေရာဒေသတွေကို ပရဟိတအဖွဲ့တွေနဲ့ အတူ ပူးပေါင်းပြီး ငွေအင်အားသာမက လူအင်အားပါ လိုက်လံကူညီပေးနေတာဖြစ်ပါတယ်။ မိသားစု စားဝတ်နေရေးအတွက် မဖြစ်မနေ စီးပွားရှာနေရသူတွေလည်း ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ဧပြီလ ၂၆ ရက်နေ့က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ ပြောပြခဲ့ဖူးပါတယ်။ 

Photo: Aye Myat Thu

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း သူမက COVID-19 ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် အကူအညီတွေ၊ အလှူအတန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က